EPISODE · Nov 29, 2025 · 3 MIN
Anyway, as long as you're thinking ideas, think big. In order to use time properly, it is necessary to establish strategies and manage it properly.
from ဒီနေ့အတွက်စကား · host Padamyar FM
တွေးခေါ်နေတဲ့ အတွေးတွေက အရေးကြီးတယ်။ကျွန်တော်တို့အနေနဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်လို့ရပေမဲ့ ဦးနှောက်ထဲက အတွေး အခေါ်တွေကိုတော့ ရပ်တန့်လို့မရပါဘူး။လေ့လာချက်တွေအရ ကျွန်တော်တို့ဟာ တစ်ရက်ကို အတွေးပေါင်း ခုနစ်သောင်းလောက် တွေးခေါ်နေကြပါတယ်။ဒီအတွေးတွေထဲမှာ ပုံမှန်လုပ်ဆောင်နေကျ အရာတွေ၊ ပြဿနာတွေ၊ပေါင်းသင်းဆက်ဆံရေးတွေက အစ လေ့လာမှုတွေ၊ ကိုယ့်ကို တိုးတက်စေမယ့်အတွေးအခေါ်တွေ၊အိုင်ဒီယာအသစ်တွေလဲပါဝင်ပါတယ်။ဒါကြောင့် အမေရိကန် သမ္မတဟောင်းဖြစ်သလို စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လဲ ဖြစ်တဲ့ Donald Trump က “ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကူးတွေကို တွေးနေသရွေ့ ကြီးကြီးကျယ်ကျယ် တွေးပါ။” လို့ ပြောခဲ့ဖူးပါတယ်။ကြီးကျယ်တဲ့ အတွေးတွေကို တွေးတယ်ဆိုတာအောင်မြင်တဲ့ စွန့်ဦးတီထွင်တွေမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။သူတို့က ကြီးကျယ်တဲ့ အတွေးတွေကို တွေးရုံပဲ တွေးခဲ့ကြတာ မဟုတ်ဘဲ ဖြစ်အောင်လဲလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ကြီးကျယ်တဲ့ အတွေးအခေါ်တွေကို တွေးပြီး ခမ်းနားတဲ့အိပ်မက်တွေကို မက်တာက ကျွန်တော်တို့ကို ရှေ့ဆက်တိုးနေစေတဲ့ အရာတွေ ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် အတွေးတွေကို တွေးရဦးမှာဆိုတော့ကိုယ့်ရဲ့ အတွေးတွေကို အလဟဿ မဖြစ်စေဘဲ ကြီးကျယ်ခမ်းနားတဲ့ အတွေးတွေကို တွေးပြီးအိုင်ဒီယာ အသစ်တွေကို ထုတ်လိုက်ပါ။
Embed this episode
NOW PLAYING
Anyway, as long as you're thinking ideas, think big. In order to use time properly, it is necessary to establish strategies and manage it properly.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.