EPISODE · Nov 23, 2025 · 3 MIN
Are you paying attention to others people words? Do you tend to blame others for your problems? Do you not know what is most important?
from ဒီနေ့အတွက်စကား · host Padamyar FM
ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲကြံဆောင်နေသင့်ပါတယ်။ ဒီနေ့ခေတ်က ပြိုင်ဆိုင်မှု ပြင်းထန် တာကြောင့် အမြဲကြိုးစားနေပြီး ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို ပျိုးထောင်ထားမှသာ သူများနဲ့ တန်းတူ သို့မဟုတ် သူများရှေ့ကို ရောက်မှာပါ။ ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ အပြုအမူတွေနဲ့ အလေ့အကျင့်တွေက ဘဝရဲ့ အခြေခံအုတ်မြစ် ဖြစ်လာ ပြီးအနာဂတ်ကိုလည်း ဖော်ဆောင်ပေးပါတယ်။ ဒါပေမယ့် တချို့အဖျက်သဘောဆောင်တဲ့ အလေ့အကျင့်တွေနဲ့ အပြုအမူတွေကို လုပ်နေသရွေ့ကတော့ တိုးတက်အောင်မြင်မှု မရှိဘဲ သူများ နောက်မှာ ကျန်ခဲ့နိုင်ပါတယ် သူများရဲ့ ကိုယ့်အပေါ် သူများရဲ့ ထင်မြင်ယူဆချက်၊ အပြောအဆိုများကို အာရုံစိုက်မိနေပါသလား။တစ်ခါတစ်ရံမှာ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ရယူဖို့ကောင်းတဲ့အချိန်တွေရှိပေမယ့် လူတိုင်းဆီက ထင်မြင်ယူဆချက်တွေကိုတော့ မလိုအပ်ပါဘူး။တခြားသူများရဲ့ ထင်မြင်ယူဆချက်များကိုပဲ နားထောင်နေခြင်းက ကိုယ့်လုပ်ဆောင်ရမယ့်အလုပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်စေပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုနဲ့ ကိုယ့်ရဲ့ ကျရှုံးမှုတွေက ကိုယ်နဲ့ပဲဆိုင်ပါတယ်။ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပြီး အခြားသူများရဲ့ ထင်မြင်ချက်အပေါ် အလွန်အကျွံအာရုံစိုက်ခြင်းကို ရှောင်ပါ။
Embed this episode
NOW PLAYING
Are you paying attention to others people words? Do you tend to blame others for your problems? Do you not know what is most important?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.