EPISODE · Oct 13, 2025 · 3 MIN
As Long As You Stay In Your Comfort Zone, You Are Far From Successful.
from ဒီနေ့အတွက်စကား · host Padamyar FM
သူစိမ်းတစ်ယောက်နဲ့မိတ်ဆွေဖွဲ့ပါ၊ စကားစမြည်ပြောပါ။ သူစိမ်းတစ်ယောက်နှင့်စကားစမြည်ပြောခြင်းကနှစ်ဦးစလုံးအနေနဲ့အကြောက် တရားဇုန်ထဲသို့ ဝင်ရောက်ပြီး သင်ယူမှုဇုန်တွင် ရောက်နေပါပြီ။ ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုဖြစ်စေတာဒါမှမဟုတ် အသစ် အဆန်းတစ်ခုကို သင်ယူ ရရှိနိုင်ပါတယ်။ ကိုယ့်ကိုယ် ကို ယုံကြည်မှုလည်းတိုးတတ်လာစေပါတယ်။သေးငယ်တဲ့ အလုပ်ကနေ စတင်တတ်လှမ်းပါ။ လုပ်ရိုးလုပ်စဉ်ကို အနည်းငယ်ပြောင်းလဲဖို့ လိုပါတယ်။ သေးငယ်သော ဒါမှမဟုတ် အောင်မြင်နိုင်ခြေ ရှိတဲ့ အလုပ် ကနေစတင်ပြီး ပြီးမြောက်အောင်လုပ်ပါ။ တစ်နည်းအားဖြင့် ပိုမိုသိသာထင်ရှားတဲ့ ခြားနားချက်တစ်ခုကို ဖန်တီးပြီး Comfort Zone ကနေ ရုန်းထွက်နိုင်ဖို့လုပ်ဆောင်နိုင် တဲ့ သေးငယ်သော အရာတစ်ခုကိုရှာဖွေလုပ်လိုက်ပါ။ ထိုမှ တစ်ဆင့် ပိုမို ကြီးမားသော အောင်မြင်မှုများဆီသို့ တတ်လှမ်းနိုင်ပါတယ်။ ကျွမ်းကျင်မှု အသစ်တစ်ခုကို ကြိုးစားပါ။ အသစ်အဆန်းတစ်ခုခုကိုစမ်းကြည့်ခြင်းဖြင့် သင်ယူမှုဇုန်ထဲသို့ ဝင်ရောက်နိုင်ပါ တယ်။ ကယုံကြည်မှုနှင့်ပုဂ္ဂိုလ်ရေးတိုးတက်မှုကို တည်ဆောက်ဖို့ ဘယ်လို လုပ်ဆောင်ချက်ကိုကြိုးစားမလဲ ဆိုတာ ရှိရင်း အရည်အချင်းများထဲမှ တစ်ခုကို စမ်းကြည့်ပါ။ Comfort Zone ထဲက ရုန်းထွက်နိုင်ဖို့ ကျင့်သုံးသင့်တဲ့ နည်းလမ်း ကောင်းတွေထဲကသင့်တော်မယ့် နည်းလမ်းတွေကို သုံးပြီး Comfort zone ထဲကနေ Growth zone ကို ရုန်းထွက်လိုက်ပါ။
Embed this episode
NOW PLAYING
As Long As You Stay In Your Comfort Zone, You Are Far From Successful.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.