EPISODE · Jan 9, 2024 · 4 MIN
အသဲနာ ကမ္ဘာမကြေ သီချင်းကိုဆိုခဲ့ပြီး နွေဦးတော်လှန်ရေးအတွက်လည်း အသဲနာပေးခဲ့သူ ဂန္ထဝင် မာမာအေး
from Dawei Watch Podcast · host Dawei Watch
မြန်မာ့ဂီတလောကရဲ့ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်တဲ့ ဒေါ်မာမာအေး ကွယ်လွန်သွားခဲ့လေပြီ။ မြန်မာစံတော်ချိန်အရ ဇန်နဝါရီလ ၉ ရက် မနက်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးဟာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမှာရှိတဲ့ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုစံတော်ချိန်အရ ဇန်နဝါရီလ ၈ ရက် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်(မြန်မာစံတော်ချိန်အရ ဇန်နဝါရီလ ၉ ရက်၊ မနက် ၅ နာရီ ၅၈ မိနစ်)မှာ ဒေါ်မာမာအေးက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒေါ်မာမာအေးရဲ့ဘဝဇာတ်လမ်းကို ပြောပြရမယ်ဆိုရင် ရွှေဝါရောင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က ထောက်ခံပေးခဲ့သူ အနုပညာရှင်တစ်ယောက်ဆိုတာကို စပြီးပြောရပါလိမ့်မယ်။ ၂၀၀၇ စက်တင်ဘာလတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းကဆိုရင် ဒေါ်မာမာအေး သီဆိုခဲ့တဲ့ အသဲနာ ကမ္ဘာမကြေသီချင်းဟာ အရမ်းကို လူကြိုက်များလွန်းခဲ့ပါတယ်။ အဲ့ဒီတုန်းက မြန်မာနိုင်ငံကလူတွေခမျာ အသဲနာ ကမ္ဘာမကြေသီချင်းကို အသံကျယ်ကျယ် မဖွင့်ရဲလို့ အသံတိုးတိုးနဲ့ ခိုးပြီး နားထောင်ခဲ့ရတာကလည်း သတိရစရာပါပဲ။ နွေဦးတော်လှန်ရေးအစမှာလည်း လက်သုံးချောင်းထောင်ပြီး သူမဟာ ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်နေပါတယ်ဆိုတာကို ဂန္ထဝင် ဒေါ်မာမာအေးက ထုတ်ဖော်ပြသခဲ့သေးတာပါ။ ကွယ်လွန်ချိန်မှာတော့ ဒေါ်မာမာအေးရဲ့အသက်က ၈၁ နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။
Embed this episode
Ready to play
အသဲနာ ကမ္ဘာမကြေ သီချင်းကိုဆိုခဲ့ပြီး နွေဦးတော်လှန်ရေးအတွက်လည်း အသဲနာပေးခဲ့သူ ဂန္ထဝင် မာမာအေး
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.