EPISODE · Oct 6, 2025 · 3 MIN
Be Sure To Know What You Want, Always Try To Improve Your Life, Keep Positive Thoughts.
from ဒီနေ့အတွက်စကား · host Padamyar FM
လူတိုင်းမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်တွေရှိပေမဲ့ လူတိုင်းတော့ သူတို့ရဲ့ စိတ်ကူး အိမ်မက်တွေကို အောင်မြင်အောင်မစွမ်းဆောင် နိုင်ကြပါဘူး။ အိမ်မက်တွေက လက်တွေ့ဖြစ်မလာဘဲ အိမ်မက်တွေ အဖြစ်နဲ့သာပြီးဆုံးသွားကြပါတယ်။ ဒီလို အောင်မြင်မှုဆီကို မတက်လှမ်းနိုင်တဲ့အကြောင်းပြချက်တွေကတော့ မိမိကိုယ်ကိုယ် သံသယဖြစ်ခြင်း၊ စိတ်အားထက်သန်မှု မရှိခြင်း၊လမ်းညွှန်မှု မရှိ ခြင်း သို့မဟုတ် မိမိတို့ကိုယ်တိုင် လိုချင်သည့်အရာကိုပင်မသိခြင်းဖြစ် စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း အိမ်မက်စိတ်ကူး တွေကနေအောင်မြင်မှုဆိုတဲ့ကြယ်ကို အရယူချင်တဲ့သူတွေ အများကြီး ရှိနိုင်ပါသေးတယ်။ ဘာကိုလိုချင်တာလဲဆိုတာ သေချာသိပါစေ။ အောင်မြင်မှုဆီကိုတက်လှမ်းတဲ့အခါမှာကိုယ်ကိုယ်တိုင်ကဘယ်အရာကို အောင်မြင်မှု အနေနဲ့ သတ်မှတ်တာလဲ၊ဘယ်အရာကို အမှန်တကယ်လိုချင်တာလဲဆိုတာ အရင် ကိုယ့်ကိုယ်ကိုယ်သိအောင် လုပ်ပါ။ကိုယ်ကိုယ် တိုင် ရယူချင်တဲ့ ပန်းတိုင်ကို သိခြင်းက အောင်မြင်မှုလမ်းကြောင်းကိုချမှတ်ရာမှာ ကူညီပေးပြီး အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့လည်းအထောက်အကူပြုပါတယ်။ ကိုယ်ကိုယ်တိုင် မသေချာမရေရာမှုတွေနဲ့ ပြည့်နေတဲ့အခါစိတ်ကူးအိမ်မက်တွေကို အရ ယူနိုင်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့်အချိန်ယူပြီး ကိုယ်တိုင်ဘာကိုလိုချင်လဲ ဆိုတာ သိအောင်ကြိုးစားပါ။ ဒါက အောင်မြင်မှုဆီတက်မဲ့ လှေကားထစ်များ ထဲက ပထမဆုံး လှေကားထစ်ပါပဲ။
Embed this episode
NOW PLAYING
Be Sure To Know What You Want, Always Try To Improve Your Life, Keep Positive Thoughts.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.