EPISODE · Jul 6, 2026 · 3 MIN
Be Your Life Blessed.
from ဒီနေ့အတွက်စကား · host Padamyar FM
သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ။ အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက်လာမဲ့ ၃-၅နှစ်တာကို ယခုကာလ ကနေထည့်သွင်းစဥ်းစားရတာကိုဆိုလိုပါတယ်။တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့ အခါအလွန်မှအချိန်တွေဟာ ပိုလျှံနေတယ်လို့ မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီး တွေလုပ်နေရမယ်လို့အထင်မမှား သင့်ပါဘူး။ အကြောင်းက ကိုယ့်အနေနဲ့ တရက်တာကို ဘယ်လိုဖြတ်သန်းနေလဲ?ဆိုတာကနေ စတင်တွေးကြည့်ရမှာ ဖြစ်တယ်။ Build-မိမိကိုယ်ကိုယ်တည်ဆောက်နေရဲ့လား?ဥပမာခန္ဓာကိုယ်အရ, ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေလား? အခြားသော မိမိ တည် ဆောက်နေရမဲ့အရာတွေ၊ကိုယ်နဲ့ကိုယ်ကြား၊ ကိုယ်နဲ့မိသားစုကြား၊ ကိုယ်နဲ့အပြင်ကလူတွေကြား စတဲ့ ဆက်ဆံရေး၊လူမှုရေးတွေ အပြင် အခြားသော ဘ၀အတွက်လိုအပ်တဲ့ systemတွေကိုတည်ဆောက်နေဖို့ လိုအပ်ပါတယ်။ Learn-သင်ယူမှု ဟာ တိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်၊သင်စရာတွေများတဲ့ခေတ်မှာ ဘယ်အရာကိုတစိုက် မတ်မတ်နဲ့လေ့လာသွားမလဲ ဆိုတာကို စီမံရမှာ ဖြစ်တယ်၊ကိုယ့်ရဲ့စိတ်၀င်စားမှု နယ်ပယ်နဲ့ကိုက်ညီတဲ့ အရာလား? ခေတ်နဲ့အညီမဖြစ်မနေ လိုက်ပါ သင်ယူရမဲ့အရာလား?ကိုယ့် အတွက်လိုအပ်ရဲ့လား? စတာတွေကိုဆန်းစစ်ပြီး လေ့လာသွားရမှာဖြစ်ပါတယ်။
Embed this episode
NOW PLAYING
Be Your Life Blessed.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.