EPISODE · Mar 15, 2026 · 3 MIN
Behind Every Success, There Are Many Things That Pay Off.
from ဒီနေ့အတွက်စကား · host Padamyar FM
ယနေ့မှာ အောင်မြင်နေသူတွေကို ကြည့်လိုက်ပါ။အကုန်လုံးက နေ့ချင်းညချင်း လွယ်လွယ်ကူကူ အောင်မြင်လာကြ တာမဟုတ်ပါဘူး။ သူတို့ရဲ့အောင်မြင်မှုနောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့ အရာတွေ ရှိပါတယ်။ လူတိုင်းက အောင်မြင် တိုးတက်ချင်တယ်ဆိုတာအသေအချာပါပဲ။ ဒါပေမယ့် လူတိုင်းက အောင်မြင်နေတာ မဟုတ်တာကို တွေ့ရမှာပါ။ ကျွန်တော်တို့အနေနဲ့သတ်မှတ်ထားတဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်အောင်မြင်ဖို့ဆို ရင် မှန်ကန်သော ခြေလှမ်းနဲ့ ရှေ့ဆက်လှမ်းဖို့ အရေးကြီးပါတယ်။ အောင်မြင်နေသူတော်တော်များများရဲ့ တူညီတဲ့ အချက်ကတော့ ကြိုးစားအားထုတ်မှု အပြည့်အဝရှိခြင်းပါပဲ။သူတို့ က မကြိုးစားဘဲနဲ့ ဘယ်အရာမှ မရနိုင်ဘူးဆိုတာကို သဘောပေါက်လက်ခံကြပါတယ်။ဘယ်အရာကိုမဆို တိုးတက် အောင် မြင်မှုကို လိုချင်ရင် စိတ်အား ထက်သန်မှုရှိပြီးကြိုးစားရပါမယ်၊ ဘယ်လောက်ပဲခက်ခဲတဲ့အလုပ်ဖြစ်ပါစေ ကိုယ်တိုင် ကြိုးစားပြီး ပြီးမြောက်အောင်မြင်တဲ့အခါ ကျေနပ်အားရမှု နဲ့ယုံကြည်ချက်ရှိမှုတို့ကို ပိုမိုတိုးမြှင့်စေနိုင်ပါတယ်။
Embed this episode
NOW PLAYING
Behind Every Success, There Are Many Things That Pay Off.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.