EPISODE · Jul 11, 2026 · 3 MIN
Believe that you can have success and happiness at the same time.
from ဒီနေ့အတွက်စကား · host Padamyar FM
အောင်မြင် ခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို ဘဝမှာတစ်ပြိုင်နက်တည်း ပိုင်ဆိုင် နိုင်တယ်ဆိုရင် ယုံမှာလား။ တကယ်တော့ ထိုအရာ နှစ်ခုကိုတစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကိုသတိရပါ။ ရုပ်ပိုင်းဆိုင်ရာ ကျန်း မာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ကိုလျစ်လျူရှုလိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးကိုခံစားရနိုင်ပါတယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာနေမယ်ဆိုရင်တော့ ကြံစည်သမျှအရာအားလုံးကို အောင်မြင်စွာ လုပ်ဆောင် နိုင်မှာပဲ ဖြစ်ပါတယ်။ ချစ်ရသူတွေနဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်မျိုးကုန်ဆုံးဖူးပါသလား။ ဒါဆိုရင်တော့ နားဆင်သူလောက် ပျော်ရွှင် ရမယ့် သူ ကမ္ဘာပေါ်မှာရှိမှာ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ၊ မိသားစုများနဲ့တန်ဖိုးရှိတဲ့ အချိန် ကုန်ဆုံးခြင်း အားဖြင့် အချိန်တစ်ခုရောက်မှ နောင်တရရတဲ့အဖြစ်မျိုးကနေ ကင်းဝေးရမှာပဲ ဖြစ်ပါတယ်။
Embed this episode
NOW PLAYING
Believe that you can have success and happiness at the same time.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.