EPISODE · Feb 15, 2026 · 3 MIN
Blame is a main source of problems that can grow.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ပတ်ဝန်းကျင်မှာပဲဖြစ်စေတအားကို အပြစ်တင်တတ်တဲ့သူတွေကို ကြုံတွေ့ခဲ့ရဖူးပါလိမ့် မယ်။ ရံဖန်ရံခါမှာကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုးအခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန်၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန် တွေမှာ လူတွေဟာ အလွယ်တကူ အပြစ်တတ်ကြပါတယ်။ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့် ကိုယ့်ပြဿနာတွေအပေါ် ခံစား နေရတဲ့ဝန်တွေပေါ့သွားတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာ ပြဿနာတွေဟာပြေလည်သွားတတ်တာမျိုး မဟုတ် ပါဘူး။ အပြစ်တင်လိုက်ခြင်းဟာ ဖြေရှင်းနည်းတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ခံစားနေရတဲ့ဖိအားတွေကို တစ်ခြားသူတစ်ယောက်ကို ပုံချ လိုက် တာ ၊ အာရုံပြောင်းလိုက်တာ ၊လွှဲချလိုက်တာဟာ ကိုယ့်ကို တခဏလေးတော့ဝန်ပေါ့သွားသလို ခံစားရစေတတ်ပါတယ်။ ဒါဟာကိုယ့်ဘာသာ လှည့်စားလိုက်တဲ့ နည်းတစ်မျိုးပဲဖြစ်ပြီး တခြားသူကိုဝန်သွားပိုပိစေပါတယ်။ ဒါ့အပြင် ပြဿနာဟာ ပြေလည်သွား ခြင်းမရှိပဲဒီအတိုင်းဆက်ရှိနေမှာဖြစ်ပြီး ပြဿနာတွေ မပြေမလည်မခြင်း ဒီ ဖိအားတွေကိုပြန်လည်ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် မို့လို့ ပြဿနာတွေ ဖိအားတွေနဲ့ ကြုံတွေ့လာရင်အပြစ်တင်လိုက်တာဟာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။
Embed this episode
NOW PLAYING
Blame is a main source of problems that can grow.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.