EPISODE · Jul 17, 2026 · 3 MIN
Build Your Strong Mental Fortification.
from ဒီနေ့အတွက်စကား · host Padamyar FM
ခံတပ်ဆိုတာ အင်္ဂလိပ်လို Fortification, ခိုင်ခံ့စွာတည်ဆောက်ထားခြင်း၊အားဖြည့်စေခြင်း စသော နေရာများ ကိုဆိုလိုတယ်။ စစ်ဘက်ဆိုင်ရာအရ ‘ရန်သူကိုခုခံရန်အုတ်၊ကျောက်၊သစ်စသည်တို့ဖြင့်အခိုင်အခံ့လုပ်ထားသောစစ်စခန်း’ဟု၍ခေါ်ဆိုကြပါတယ်။ ခံတပ်ခိုင်ခံစွာတည်ဆောက်ထားမှုအပြင် ခံတပ်အတွင်းနေသော စစ်သည်များအနေဖြင့်လည်း ရဲစွမ်းသတ္တိရှိမှု၊ စည်းလုံး ညီညွတ်မှုတွေရှိမှ ရန်သူ့ကိုတော်လှန်နိုင်မှာဖြစ်တယ်။ထို့နည်းတူ မိမိတို့ရဲ့ ဘ၀မှာလည်း ပြင်ပဒဏ်တွေကို အန်တုနိုင်ဖို့မိမိတို့ရဲ့ ‘စိတ်ခံတပ်’ ကိုတည်ဆောက်ထားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်၊ကိုယ်ရဲ့ထင်မြင်ယူဆချက်၊ နှလုံးသွင်းမှု၊ ရွေးချယ်မှု၊ ပြုမူပြောဆိုမှု၊ ခံယူမှု၊ စသောအရာတွေကို ကိုယ်တိုင် နိုင်နှင်းစွာရှိနေဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် လျှော့တိလျှော့ရဲ ဖြစ်နေတယ်ဆိုရင်အပြင်က သွေးထိုးလှုံ့ဆော်မှု၊ ဖြားယောင်း သွေးဆောင်မှု၊ ရန်ထောင်မှု၊ စသောအရာတွေကိုကျော်လွှားနိုင်ဖို့နှင့် ဓမ္မဓိဌာန်ကျကျ အကဲဖြတ်ဆုံးဖြတ်နိုင်စွမ်းအားနည်း နေမှာဖြစ်ပါတယ်။ဒီတော့စိတ်ခံတပ်ကိုဘယ်လို တည်ဆောက်ကြမလဲ?
Embed this episode
NOW PLAYING
Build Your Strong Mental Fortification.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.