EPISODE · Oct 27, 2024 · 2 MIN
ဆက်ဆန်ကို အနိုင်ထိုးနိုင်ရင် အမေရိကန်ဒေါ်လာတစ်သိန်းလောက်ရဖို့ ရှိနေတဲ့ စိုးလင်းဦး
from Dawei Watch Podcast · host Dawei Watch
ONE 170 မှာ ပါဝင်နေတဲ့ စိုးလင်းဦးနဲ့ ဆက်ဆန်တို့ရဲ့ ပွဲက စိတ်ဝင်စားစရာကောင်းနေပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Impact Arena မှာ ကျင်းပမယ့် ONE 170 ပြိုင်ပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်မှာ ကျိန်းသေပါပဲ။ ဒီပြိုင်ပွဲကို ONE ဘက်က အမေရိကမှာတောင် အခမဲ့ပြသဖို့ စီစဉ်ထားတာပါ။ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ရှိနေတဲ့ ဇာတ်ကားကိုလည်း ဒီပြိုင်ပွဲကြီးထဲမှာ ထည့်သွင်းရိုက်ကူးသွားဖို့ ရှိနေပါတယ်။ အဲ့ဒီလိုပြိုင်ပွဲမျိုးမှာ စိုးလင်းဦး ထည့်သွင်းနေရာပေးခံရတယ်ဆိုတော့ ONE ဘက်က စိုးလင်းဦးကို ဘယ်လောက်အထိ မျှော်လင့်ထားသလဲဆိုတာ အသိသာကြီးပါပဲ။ အခုတော့ ဒီပြိုင်ပွဲရဲ့ဘောနပ်စ်ဆုကြေးက အမေရိကန် ဒေါ်လာ ငါးသောင်းလောက် ဖြစ်နိုင်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါကြောင့် ဒီပွဲကို အနိုင်ရတဲ့သူဟာ ပြိုင်ပွဲထိုးကြေးနဲ့ ဘောနပ်စ် နှစ်ခုပေါင်းပြီး အမေရိကန်ဒေါ်လာ တစ်သိန်းလောက် ရရှိသွားတော့မှာပါ။
Embed this episode
Ready to play
ဆက်ဆန်ကို အနိုင်ထိုးနိုင်ရင် အမေရိကန်ဒေါ်လာတစ်သိန်းလောက်ရဖို့ ရှိနေတဲ့ စိုးလင်းဦး
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.