EPISODE · Dec 7, 2024 · 3 MIN
ဆက်ခ်ဆန်နဲ့ ပွဲမပျက်ဘူး၊ ပွဲဟာ နဂိုအတိုင်းဖြစ်တယ်၊ ထိုးဖြစ်မယ်လို့ စိုးလင်းဦး အတည်ပြုပြီ
from Dawei Watch Podcast · host Dawei Watch
စိုးလင်းဦးနဲ့ ကိုစောဖြိုးဝေ တို့က ဆက်ခ်ဆန်နဲ့ ထိုးရမယ့်ပွဲဟာ ပွဲမပျက်ဘူး၊ ပွဲထိုးဖြစ်တယ်လို့ အတည်ပြုပေးလိုက်ပါပြီ။ ONE ဘက်က အတည်ပြုချက် မထုတ်ပြန်သေးပေမယ့် ONE ဘက်က မီးစိမ်းးပြလိုက်လို့ပဲ စိုးလင်းဦးနဲ့ ကိုစောဖြိုးဝေ တို့က ပွဲထိုးဖြစ်တယ်ဆိုတာကို အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က ကားမတော်တဆမှုဖြစ်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အခုလို ကျန်းမာရေးစိတ်ချရတဲ့အနေအထားဖြစ်လာပြီး ပွဲထိုးခွင့်လည်း ပြန်ရလိုက်တာက စိုးလင်းဦးအတွက် ဝမ်းသာစရာပါပဲ။ ဆက်ခ်ဆန်ကလည်း ဆိုင်ထိုးပြိုင်ထိုးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ စိုးလင်းဦးနဲ့ပဲ ပွဲထိုးချင်နေတာပါ။ ONE ရဲ့ CEO ချတ်ထရီကိုယ်တိုင်ကလည်း စိုးလင်းဦးနဲ့ ဆက်ခ်ဆန်တို့ရဲ့ ပွဲဟာ ONE 170 ရဲ့ Crazy Fight လို့ကို ပြောထားပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စိုးလင်းဦးနဲ့ ဆက်ခ်ဆန်တို့ရဲ့ပွဲကို ရင်ခုန်ကြရတော့မှာပါပဲ။
Embed this episode
Ready to play
ဆက်ခ်ဆန်နဲ့ ပွဲမပျက်ဘူး၊ ပွဲဟာ နဂိုအတိုင်းဖြစ်တယ်၊ ထိုးဖြစ်မယ်လို့ စိုးလင်းဦး အတည်ပြုပြီ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.