EPISODE · Nov 16, 2024 · 4 MIN
စိုးလင်းဦးကို နိုင်သွားတဲ့ နာဘီးလ်ကို ONE က ကစ်ဘောက်ဆင်ချန်ပီယံဟောင်းနဲ့ ထိုးခိုင်းလိုက်ပြီ
from Dawei Watch Podcast · host Dawei Watch
နာဘီးလ် ကို ONE က ဒီဇင်ဘာလမှာ ပွဲထိုးဖို့အတွက် ပွဲတည်ပေးလိုက်ပါပြီ။ ဒီဇင်ဘာလ ၆ ရက်၊ သောကြာနေ့မှာ ကျင်းပမယ့် One Fight Night ပြိုင်ပွဲကြီးမှာ ဘင်တမ်ဝိတ်တန်း ကစ်ဘောက်ဆင်ပွဲအဖြစ် နာဘီးလ်က ထိုးရတော့မှာပါ။ ဒီပွဲဟာ နာဘီးလ်ရဲ့ကစားသမားဘဝတလျှောက် ပထမဆုံးထိုးရမယ့် ကစ်ဘောက်ဆင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ စိုးလင်းဦး ကို နိုင်ခဲ့တဲ့ပွဲတုန်းက အရပ်အမောင်းအားသားချက်၊ ခြေတံလက်တံအားသားချက်တွေကို ပွဲအစကနေ အဆုံးအထိ မြိုင်မြိုင်ဆိုင်ဆိုင် သုံးသွားခဲ့တဲ့ နာဘီးလ် ရင်ဆိုင်ရမယ့်သူက ကစ်ဘောင်ဆင် ရွှေခါးပတ်ချန်ပီယံဟောင်း ပက်ချ်တာနွန် ဖြစ်ပါတယ်။ ထိုးရမှာက ကစ်ဘောက်ဆင်နည်း၊ ထိုးရမယ့်ပြိုင်ဘက်က ကစ်ဘောက်ဆင်ချန်ပီယံဟောင်းဖြစ်နေလို့ နာဘီးလ်အတွက် လုံးဝကို မလွယ်နိုင်တော့ပါဘူး။
Embed this episode
Ready to play
စိုးလင်းဦးကို နိုင်သွားတဲ့ နာဘီးလ်ကို ONE က ကစ်ဘောက်ဆင်ချန်ပီယံဟောင်းနဲ့ ထိုးခိုင်းလိုက်ပြီ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.