EPISODE · Sep 5, 2024 · 5 MIN
စက်တင်ဘာလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လေညာတံတား စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုမှာ ဆယ်ကျော်သက်ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပါတဲ့အကြောင်း - လက်နက်ကြီးထိမှန်ဒဏ်ရာရထားတဲ့ တနင်္သာရီမြို့နယ်က အမျိုးသမီးတစ်ဦးလည်း မနေ့က သေဆုံးသွားခဲ့တဲ့အခြေအနေ - ထားဝယ်မြို့နယ် ပကာရီကျေးရွာမှာလည်း လက်နက်ကြီးထိမှန်လို့ ဒေသခံလေးဦး ဒဏ်ရာရှိခဲ့တာ - ကော့သောင်းမြို့နယ်က ခမောက်ကြီးမြို့ကို စစ်ကောင်စီက ကုန်ရေးနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနေလို့ ဒေခံတွေ ထွက်ပြေးနေရတဲ့အကြောင်း - မလေးရှားနိုင်ငံထဲဝင်မယ့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးခံလိုက်ရတာ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ထန်းရည်ရောင်းတဲ့ မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံလိုက်ရအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
စက်တင်ဘာလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.