EPISODE · Sep 9, 2024 · 9 MIN
စက်တင်ဘာလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရသွားတဲ့အကြောင်း - စစ်ကောင်စီတပ် စစ်ကြောင်းရောက်နေလို့ ခန္တီကျေးရွာအုပ်စုက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်း - တနင်္သာရီက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အရပ်သားကားတွေကို ချောဆွဲခဲ့တဲ့သတင်း - ရေဖြူ ဒေသထွက် အုန်းသီးနဲ့ အုန်းသားခြောက်တွေ အခုနှစ်ဈေးကောင်းရနေတဲ့အခြေအနေ - ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာတစ်ဦး စစ်မှုထမ်းဖို့ ပြန်ပို့ခံရမှာစိုးရိမ်ပြီး အချုပ်ကားပေါ်က ထွက်ပြေးခဲ့အကြောင်း - ကော့သောင်းနယ်စပ်ကနေ တရားမဝင်ဝင်လာတဲ့ မြန်မာ ၁၃ ဦး ရနောင်းခရိုင်မှာ ဖမ်းမိတဲ့အကြောင်း အပါအဝင် - ထိုးကျသွားတဲ့ ဘတ်ဈေးနှုန်းစတဲ့သတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
စက်တင်ဘာလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.