EPISODE · Sep 20, 2025 · 3 MIN
Death is not the greatest loss in life. The greatest loss is what dies inside us while we live.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့လူသားတွေဆိုတာ မွေးဖွားလာတာနဲ့တန်းတူရှိနေမယ့် အမှန်တရားတစ်ခုကတော့တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီကမ္ဘာ လောကကြီးကနေ နှုတ်ဆက်ထွက်ခွာသွားရမယ်ဆိုတာပါပဲ။သေခြင်းတရားဆိုတာကို ဘယ်သူမှ ရှောင်လွှဲလို့မရပါဘူး။ နောက်ဆုံး အဆုံးသတ်အချိန်မှာတော့သေခြင်းတရားနဲ့ ပိတ်သိမ်းရမှာ ဒါကတော့ စကြဝဋာ အမှန်တရားတစ်ခုပါ။ ကိုယ်တိုင်မသေဆုံးခင်မှာ ကိုယ့်ပတ်ဝန်းကျင်ကကိုယ်ချစ်မြတ်နိုးခင်မင်ရတဲ့ သူတွေ သေဆုံးသွားရင် လူတိုင်းစိတ်မ ကောင်းဖြစ်ကြ ဝမ်းနည်းတတ်ကြပါတယ်။ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာ ဆိုးဆိုးဝါးဝါးဆုံးရှံးမှုအဖြစ် နှမြောတသစွာ နဲ့ ခံစားနေရတတ်ပါတယ်။အဲဒါကို Norman Cousins ကတော့ ကြီးမားတဲ့ဆုံးရှုံးမှုမဟုတ်ဘူးလို့ ဆိုလာပါတယ်။ သေခြင်းတရားဆိုတာဘဝမှာအကြီးမားဆုံး ဆုံးရှုံးမှုမဟုတ်ပါဘူး။ အသက်ရှင်နေပေမယ့် စိတ်ရဲ့အတွင်းထဲမှာ သေဆုံးနေတာကသာ အကြီးမားဆုံးဆုံးရှုံးမှုပါ။ သေသေချာချာ တွေး ကြည့်မယ်ဆိုရင်တော့ ဒါဟာအမှန်ဆိုတာကိုသိလာပါလိမ့်မယ်။
Embed this episode
NOW PLAYING
Death is not the greatest loss in life. The greatest loss is what dies inside us while we live.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.