EPISODE · May 18, 2026 · 3 MIN
Did You Notice The Differences Between Kindness And People Pleasing.
from ဒီနေ့အတွက်စကား · host Padamyar FM
ကြင်နာမှုရှိခြင်း “Kindness” ပေါ့။ “ကြင်နာမှုရှိခြင်း” ဆိုတာတခြားသူတစ်ဦးအပေါ်မှာ အပြုအမူအားဖြင့်ရော၊ စိတ်ထားရှိမှု အားဖြင့်ပါနွေးထွေးကြင်နာစွာ ဖေးမဆက်ဆံပေးခြင်းပဲ ဖြစ်ပါတယ်။ အပြုအမူအားဖြင့် ကူညီဖေးမမှုရှိခြင်း၊ ဂရုစိုက်မှုပေးခြင်း ကို ဆိုလိုသလို၊ စိတ်ထားရှိမှုအားဖြင့်လည်းရက်ရောမှု ရှိခြင်း၊ ကိုယ်ချင်းစာမှု ထားရှိ ခြင်း၊ ကြင်နာသနားမှုနဲ့အတူ ဆက်ဆံပေး ခြင်းပဲဖြစ်ပါတယ်။ကြင်နာမှုကို အခြေခံခြင်းကနေ ပျော်ရွှင်မှု၊ လုံခြုံအေး ချမ်းမှုကိုပေးတဲ့သူရော၊ လက်ခံရရှိသူပါ နှစ်ဦးစလုံး ခံစားရရှိစေပါတယ်။ အများအကြိုက်လိုက်သူ”ဆိုတာကတော့ တဖက်လူကျေနပ် အောင် ဆက်ဆံပေးတာ၊ အဆင်ပြေအောင် ဖန်တီးနေ ပေးတာကို ဆိုလိုပြီး ဒါကို “People Pleasing” လို့ ခေါ်ဝေါ်နိုင်ပါတယ်။ တခြားသူများရဲ့ လိုအင်၊ လိုအပ်မှုနဲ့ ခံစားချက်တွေကို မိမိလိုအင် တွေထက် ပိုမိုဦးစားပေးခြင်း၊နေရာပေးခြင်းတွေပြုလုပ်တတ်တယ်။ တခြားလူအမြင် မှာတော့ “People Pleasing” တွေကို အဆင်ပြေသူ၊ လိုက်လျောညီထွေရှိသူ၊ ကူညီတတ်သူ၊ ကြင်နာတတ်သူ အဖြစ်ထင်မြင်နိုင်ပေမယ့် သူတို့ကိုယ်တိုင်အတွက်တော့ မိမိကိုယ်ကို လျစ်လျူရှုခြင်း၊မိမိလိုအင်တွေကို စတေးခြင်းတွေဆီ ဦးတည်နေတတ်ပါတယ်။
Embed this episode
NOW PLAYING
Did You Notice The Differences Between Kindness And People Pleasing.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.