EPISODE · Jul 1, 2026 · 3 MIN
Difficulties in life make you stronger.
from ဒီနေ့အတွက်စကား · host Padamyar FM
အခက်ခဲတွေ ၊ ပြဿနာတွေကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လဲ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်နဲ့ ပြဿနာ တွေက မပါဘူး ။ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ မထင်မှတ်ပဲ ရောက်လာတဲ့အခက်ခဲတွေ ၊ ရှောင်နေရင်းကတမင်ဝင်တိုးလာတဲ့ ပြဿနာတွေဟာ နေ့စဉ်နဲ့အမျှကြုံနေရဦးမှာပဲ။ အခက်ခဲတွေဟာ ဘယ်နေရာကိုရောက်ရောက် တွေ့နေရမှာပဲ ၊ ဒါဟာ လောကရဲ့နိယာမတစ်ခုပါ ။ ငယ်ငယ်က ကျောင်းတက် ရတဲ့ အခက်ခဲ ၊ လုပ်ငန်းခွင်က ပြဿနာ ၊ မိသားစုပြဿနာ ၊ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ စားဝတ်နေရေး စတဲ့ အခက်ခဲ ပြဿနာ တွေဟာအဟောင်းတွေ ပြီးသွားလိုက် ၊ အသစ်တွေက ထပ်ဝင်လာလိုက်နဲ့ ရှိနေကြမှာပါ။ ဒီလိုအခက်ခဲတွေများများ ကြုံရတဲ့အခါ လူကို ပိုသန်မာစေတာ သတိထားမိပါသလား။
Embed this episode
NOW PLAYING
Difficulties in life make you stronger.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.