EPISODE · Dec 5, 2023 · 8 MIN
ဒီဇင်ဘာလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပြည်ထောင်စုလမ်းပေါ်က ဇီးကျတိုးဂိတ်ကို မီးရှို့ခဲ့တဲ့အကြောင်း - တနင်္သာရီက ဆင်ဖြူရှင်အကျဥ်းစခန်းကို တောင်ပိုင်းညီနောင် စစ်ကြောင်းက မီးရှို့ခဲ့တဲ့ အခြေအနေ - နယ်စည်းမခြားအဖွဲ့က HIV လူနာကုသတဲ့လုပ်ငန်းတွေကို ရပ်နားလိုက်တဲ့အကြောင်း - လက်နက်ကိုင်တစ်စုကဖမ်းသွားတဲ့ လောင်းလုံးမြို့နယ်နေသူတစ်ဦး ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးတဲ့ အခြေအနေ - ရေဖြူမြို့နယ်က ကရင်လူမျိုးတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချလိုက်တဲ့အကြောင်း - နေပြည်တော်နဲ့ မိုင်တစ်ရာကျော်ပဲဝေးတဲ့ မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်တွေက သိမ်းလိုက်တဲ့အကြောင်း - ထိုင်းကို MoU စနစ်နဲ့လာတဲ့ မြန်မာအလုပ်သမားတွေ အလှည့်ကျအလုပ်ဆင်းနေရလို့ အခက်အခဲဖြစ်နေတဲ့ အကြောင်း အပါအဝင် - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဒီဇင်ဘာလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.