EPISODE · Aug 23, 2024 · 7 MIN
ဒီနေ့ထိုးရမယ့် One Friday Fights 76 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ ၅ ယောက်လုံးရလဒ်ကောင်းနိုင်ပါ့မလား
from Dawei Watch Podcast · host Dawei Watch
ဒီနေ့မှာဆိုရင် မြန်မာဖိုက်တာ ၅ ယောက် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ One Friday Fights 76 ပြိုင်ပွဲကြီး ရောက်ရှိလာတော့မှာပါ။ အခု ပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဆီက လမ်းပီးနီး အားကစားကွင်းကြီးထဲမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒါဟာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေအတွက် One Friday Fights တွေမှာ စံချိန်တင်အရေအတွက်နဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတာပါပဲ။ မြန်မာဖိုက်တာ သန့်ဇင် ဆိုရင် ဒုတိယခေါင်ပွဲအထိတောင် တက်ထိုးခွင့်ရထားပါတယ်။ ဒီပြိုင်ပွဲကြီးမှာသာ မြန်မာဖိုက်တာ လက်ဝှေ့သမားတွေ တက်ညီလက်ညီ အစွမ်းပြလိုက်နိုင်မယ်ဆိုရင်တော့ နောက်ထပ် မြန်မာလက်ဝှေ့သမားတွေအတွက် One Friday Fights မှာ လမ်းစတွေ ထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ မြန်မာဖိုက်တာ ၅ ယောက်ထဲက ၃ ယောက်ဟာ ထိုင်းဖိုက်တာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ၂ ယောက်ကတော့ ဂျပန်ဖိုက်တာတွေနဲ့ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
Embed this episode
Ready to play
ဒီနေ့ထိုးရမယ့် One Friday Fights 76 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ ၅ ယောက်လုံးရလဒ်ကောင်းနိုင်ပါ့မလား
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.