EPISODE · Mar 17, 2026 · 3 MIN
Do The Job Professionally. Be Open And Honest.
from ဒီနေ့အတွက်စကား · host Padamyar FM
လုပ်ငန်းခွင်မှာ အလုပ်တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ချင်တယ်ဆိုရင်တော့ နိုး လို့ ငြင်းရမှာ အားမနာပါနဲ့။ လူတစ်ယောက်မှာခံနိုင်ရည်ဆိုတာ အတိုင်းအတာတစ်ခုအထိပဲရှိပါတယ်။ ကိုယ့်ရဲ့ အလုပ်တာဝန်မဟုတ်ဘဲ အပို တာဝန်တွေပေးအပ်လာတဲ့အခါမှာ ကိုယ် လုပ်နိုင်တယ်ဆိုမှ လက်ခံပါ။ ငြင်းရမှာ အားနာတဲ့အခါ ကျွန်တော်တို့ရဲ့အားလပ်ချိန်တွေ၊ နားချိန်တွေ ကုန်ဆုံးသွားပါလိမ့်မယ်။ ဥပမာ ဆိုကြပါစို့။ ကျွန်တော်တို့နေ့လည်စာ စားချိန်မှာ မီတင်တစ်ခု သွားတက်ဖို့ အဖော်ခေါ်သွားမယ်။ အဲဒီမီတင်က ကျွန်တော်တို့သွားစရာမလိုတဲ့ မီတင်တစ်ခု။ ဒါဆိုရင် ခင်မင်မှု ပျက်ပြားသွားမှာစိုးလို့ နေ့လည်စာအပျက်ခံပြီး အဖော်လိုက်သွားပေးမှာလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ အခွင့် အရေးကို သေချာအသုံးချပြီး ထမင်းစားချိန်ကို ထမင်းစားပြီး အေးအေးဆေးဆေး အချိန်ကုန်ဆုံးမှာလား။ ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်မှာ ခင်မင်ရင်းနှီးမှု ပျက်ပြားသွားမှာစိုးလို့ဆိုပြီး ငြင်းဆန်ရမှာအားနာပြီး ကြိတ်မှိတ်လိုက် လုပ်ပေးရတာမျိုးတွေ တစ်ပုံကြီးပါပဲ။ တကယ်တော့ ဒါဟာ HealthyWorkplace တစ်ခုကို မဖန်တီးပေးနိုင်ပါဘူး။အချင်းချင်းကြားမှာလည်း အဖုအထစ်တွေ ဖြစ်နိုင်ပါသေးတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပဲ လုပ်ဖော်ကိုင်ဖက်ထက် ပိုတဲ့ဆက်ဆံရေးပဲဖြစ်နေပါစေ၊အလုပ်ကိစ္စဆို ပရော်ဖက်ရှင်နယ်ကျကျသာ လုပ်ကိုင်ပါ။ သူများအပေါ်လည်း အသာစီးမယူချင်ပါနဲ့။ ကိုယ့်အပေါ် ဖျံကျတာမျိုးကိုလည်း မခံပါနဲ့။
Embed this episode
NOW PLAYING
Do The Job Professionally. Be Open And Honest.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.