EPISODE · Nov 18, 2025 · 3 MIN
Do you know what is most important if you really want to be successful in life?
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝမှာ အမှန်တကယ် အောင်မြင်ချင်ရင် ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာ သိပါသလား။ စိတ်ကသာ အဓိက အကျဆုံးပဲဖြစ် ပါတယ်။ ကိုယ့်ရဲ့ စိတ်ကကိုယ်တိုင် နိုးထ တက်ကြွတဲ့ အချိန် ရောက်မှသာလျှင် စိတ်ဓာတ် တက်ကြွပြီးကြိုးစားချင်စိတ် ရှိလာကာ အောင်မြင်ဖို့အတွက် လုပ်ဆောင်မှာပဲဖြစ်ပါတယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင် “မဖြစ်ဖြစ်အောင် လုပ်မယ်ကွာ၊ ချမယ်ကွာ” ဆိုတဲ့တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်မျိုး လိုအပ်ပါတယ်။ဒီလိုစိတ်မျိုးရရှိအောင် Self-Motivation ဆိုတဲ့ ကိုယ့်ကိုယ် ကိုယ် စိတ်ဓာတ်တက်ကြွလာအောင် ကိုယ်ကိုယ်တိုင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်စိတ်ဓာတ် တက်ကြွလာအောင် လုပ်ဆောင်ရတာသည်လည်း အပြောက လွယ်သလောက် လုပ်ရတာကတော့ ခက်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ ခြေကုန်လက်ပန်း ကျနေတဲ့အချိန်၊ ကိုယ့်ကို ငွေရေးကြေးရေးအရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ ထောက်ပံ့ပေးမယ့် သူမရှိတဲ့အခါ Self-Motivation ဖြစ်ဖို့ အင်မတန်ခက်ပါတယ်။
Embed this episode
NOW PLAYING
Do you know what is most important if you really want to be successful in life?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.