EPISODE · Oct 5, 2025 · 3 MIN
Don't be a planter in a pot. Just as bad habits can turn a cobweb into a steel wire, good habits tend to strengthen in the same way.
from ဒီနေ့အတွက်စကား · host Padamyar FM
ပန်းအိုးထဲမှာ သစ်ပင်စိုက်သူ မဖြစ်ပါစေနဲ့။ လူအများစုဟာ ပန်းအိုးထဲမှာစိုက်ထားတဲ့ သစ်ပင်တွေလိုဘဲ ကြီးထွားနိုင်တဲ့ အောင်မြင် နိုင်တဲ့ အတိုင်းအတာ ပမာဏရှိသလောက် ဘယ်တော့မှမကြီးထွားနိုင်ဘဲ ရှိတတ်ကြတယ်။ သစ်ပင်တွေ ကြီးထွားဖို့ကျယ်ဝန်းတဲ့ မြေနဲ့ ရှည်လျားသန်မာတဲ့ အမြစ်တွေရှိဖို့လိုသလို လူပုဂ္ဂိုလ်တွေအောင်မြင်ကြီးထွားဖို့ မိမိကိုယ်ကို ယုံကြည် လေးစားမှုဆိုတဲ့ အခြေခံ ရေသောက်မြစ်လိုပါတယ်။ဒါဟာ အရမ်းကို အရေးကြီးတယ်။ မိမိကိုယ်ကိုကော၊ မိမိရဲ့ ဖြစ်နိုင်စွမ်းကိုကောယုံကြည်မှုမရှိတဲ့အခါ၊ မိမိရဲ့ စိတ်ကူးအိမ်မက်များရှေ့မှာ အခက်အခဲ အတားအဆီးအမျိုးမျိူးချပြီး မိမိကိုယ်ကို ကန့်သတ်ချုပ်ချယ်နေမိတယ်။ မိမိတတ်လမ်းမှန်သမျှကိုမိမိဘာသာ လှည့်ပတ်ပိတ်ဆို့မိသွားတယ်။ ဒီတော့ ပန်းအိုးထဲမှာ စိုက်ထားတဲ့သစ်ပင်တွေလိုဘဲ ကြီးထွားခွင့် မရှိတော့ဘူး။ စိတ်ကူးယဉ်အိမ်မက်ဆိုတဲ့စကားကို လူတွေကကဲ့ရဲ့စရာ စကားလုံးအဖြစ်သာ သုံးလေ့ရှိကြတယ်။ အိမ်မက်မရှိဘဲ အိမ်မက်ကို အကောင်အထည်ဖော်လို့ မရနိုင်ဘူး။
Embed this episode
NOW PLAYING
Don't be a planter in a pot. Just as bad habits can turn a cobweb into a steel wire, good habits tend to strengthen in the same way.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.