EPISODE · Feb 20, 2026 · 3 MIN
Don't do it later so you don't regret it.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘ၀မှာ အရွယ် (၃)ပါးရှိတဲ့အလျောက်ဘယ်အရွယ်အပိုင်းအခြားမှာ ဘာတွေလုပ်နေသင့်သလဲဆိုတာလေးတွေရှိပါတယ်။ ဒီ တော့ရရှိထားတဲ့ ဘ၀ရဲ့ အချိန်တွေကို ပြည့်၀စွာ ခံစားစံစားဖို့လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကြပါလို့ ဆိုချင်ပါတယ်။ နောင်တမရဖို့နောင်ကျမှမလုပ်ပါနဲ့။ ကိုယ့်အတွေးထဲမှာရှိနေတဲ့ စိတ်ကူးအိပ်မက်တွေကိုနေ့ရွေ့ညရွေ့ နဲ့ မလုပ်ပါနဲ့။ လတ်တလောမှာဘာလုပ်လို့ရသလဲဆိုတာနဲ့ စကြည့်ပါ။ဒီတော့မှအရှိန်လေးရသွားမယ်မဟုတ်လား။ မိမိစိတ်၀င်စားတဲ့လူ၊သဘောကျတဲ့လူဆိုရင်လည်း အဝေးကနေ မတမ်း တနေပဲ သူတို့ကို အကျိုးသင့်အကြောင်းသင့်ပြောပြီး ကိုယ့်ရဲ့ စိတ်ပါ၀င်စားတဲ့ သဘောကျတဲ့အကြောင်းကို ပြောပါ။ သူတို့ လက် မခံတော့လည်းအမြတ်ပေါ့။ အဓိကတော့ ကိုယ့်ရဲ့ ဖြစ်နိုင်ချေတွေကို ကြိုးစားရယူလိုက်တာပဲဆိုတော့တန်ပါတယ် လို့မြင်ပါ တယ်။ နောက်ထပ်အနေနဲ့ ငြီးငွေ့နေတဲ့အလုပ်ကနေ ကိုယ်နဲ့စိတ်နဲ့ဆန္ဒတထပ်တည်းကျတဲ့ အလုပ်ကို ပြောင်းမယ်လို့ စိတ်ကူးရှိ ထားရင်မဆိုင်းမတွပဲပြောင်းပြီး စိန်ခေါ်မှုယူလိုက်ပါ။ အကြောင်းက ကိုယ်မနှစ်သက်တော့တဲ့လုပ်ငန်းခွင်မှာ စိတ်နဲ့ ကိုယ်နဲ့ မကပ်ပဲ ငွေရပေမယ့် ပျော်မနေဘူး ဆိုရင်ပြောင်းရွေ့ဖို့ မတန်ဘူးလားလို့ မြင်စေချင်ပါတယ်။
Embed this episode
NOW PLAYING
Don't do it later so you don't regret it.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.