EPISODE · May 29, 2026 · 3 MIN
Don't dwell on superficial truths and live connected to the truth.
from ဒီနေ့အတွက်စကား · host Padamyar FM
သာမန် ပုထုဇဥ်တွေအနေနဲ့ လောကမှာ ဘယ်သူတွေကမှန်တယ်၊ဘယ်သူတွေကတောဖြင့် မမှန်ဘူး။ ဟိုလူကတော့ စိတ်ကောင်း တယ်၊ ဒီလူကတော့စိတ်ထားမပြည့်ဘူး၊ ဒီလူအုပ်ကြီးကတော့ ဒီလမ်းကိုသွားနေကြတယ်၊ ဟိုလူအုပ်ကြီးကတော့ဒါမျိုးတွေလုပ် နေကြတယ် ဆိုပြီး မိမိတို့ရဲ့ခေါင်းထဲမှာ မှတ်ချက်တွေ၊ အမြင်တွေ၊အတွေးတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ရှုမြင်ပြီး နေ့စဥ်ဘ၀ကို ရွက် လွှင့်နေကြတယ်။ဒီရဲ့နောက်ကွယ်မှာ သိနိုင်တဲ့အတိအကျအဖြေဆိုလို့ အတိအကျ ဘာမှမသိတာပဲဖြစ်နေတယ်။အတွေး အမြင် တွေ မှတ်ချက်တွေပေးရတာလွယ်တယ်။ အပြင်ကို project-ထုတ်လွတ်လိုက်တဲ့အခါ စိတ်ကျေနပ်မှုပေးစေတယ်၊ ခေတ္တခဏက လွဲလို့ပေါ့…။ပြီးရင်ဒီအရှုပ်ထုတ်တွေ၊ အမှိုက်တွေနဲ့ သံသရာလည်နေတတ်ကြပါတယ်။ လူတွေကအမှားအမှန်တွေကိုသာရှာလေ့ရှိပြီး စစ်မှန်မှု (အမှန်တရား)ကိုရှာဖွေဖို့မေ့နေတတ်ကြတယ်။ စစ်မှန်မှု (သို့) အမှန်တရား ဆိုတာဟာ ဘာကိုဆိုလိုတာလဲ?စစ်မှန်မှုဆိုတာ မပြောခင် စစ်မှန်မှုကို သီအိုရီရှု့ထောင့်များစွာနဲ့ချဥ်းကပ်ပြီးပြောကြလေ့ရှိတယ်။ သက်ဆိုင်ရာ သီအိုရီရဲ့ ဘာသာစကားအရ ဒါဟာအမှန်၊ ဒါဟာမမှန်ဘူးဆိုပြီး မှတ်ချက်ပြုဆုံးဖြတ်ကြပါတယ်။
Embed this episode
NOW PLAYING
Don't dwell on superficial truths and live connected to the truth.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.