EPISODE · Sep 12, 2025 · 3 MIN
Don’t Forget That Criticism Is Important For Success.
from ဒီနေ့အတွက်စကား · host Padamyar FM
Don’t Forget That Criticism Is Important ForSuccess.ဘဝကို ဖြတ်သန်းရာမှာ ဘယ်သူမဆို ဝေဖန်မှုကို ခံရနိုင်ပါတယ်။ တကယ်တော့ဝေဖန်မှုတွေဆိုတာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ် အပိုင်းတွေဖြစ်ပါတယ်။ သင့်အနေနဲ့တစ်စုံတစ်ယောက်ရဲ့ ဝေဖန်မှုကို ခံရပြီဆိုရင် ပညာရှင်ဆန်ဆန်တုံ့ပြန်တတ်ဖို့လိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ လူသားတွေဖြစ်တာကြောင့်ဝေဖန်မှုတွေနဲ့ပတ်သက်လာရင် စိတ်ဆိုးဒေါသဖြစ်တတ်ကြသလို ခံစားမှု တွေလည်းပြင်းထန်တတ်ကြပါတယ်။ဒါပေမယ့် ဘယ်လိုဝေဖန်မှုမျိုးကိုပဲဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုမျိုးနဲ့ လက်ခံနိုင်မယ်ဆိုရင် သင့်ဘဝကို တိုးတက်စေနိုင်တဲ့အကြောင်းရင်းတွေဖြစ်လာနိုင်ပါတယ်။ ဝေဖန်မှုကနေ သင်ခန်းစာယူပါ။ဝေဖန်မှုကိုအကောင်းမြင်စိတ်နဲ့လက်ခံမယ်ဆိုရင် သင့်အတွက် တိုးတက်မှုဖြစ်လာစေနိုင်ပါ တယ်။လူအများစုက ဝေဖန်မှုဆိုရင် အကျိုးဖြစ်စေနိုင်မယ့်အချက်တွေကိုတောင်လျစ်လျူရှုထားတတ်ကြပါတယ်။ ဒီလို လျစ်လျူရှုထား တာက တိုးတက်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ များသောအားဖြင့် လူတွေက သူတို့ကိုယ်သူတို့မှန်တယ်လို့ ထင်ကြပြီးဝေဖန်မှု တွေကို လက်မခံနိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့်ဘယ်သူမှအချိန်တိုင်းမှန်မနေနိုင်ပါဘူး။ ဒါ့ကြောင့် ဝေဖန်ခံရတဲ့အခါမှာ သေချာ အာရုံစိုက်ပြီးပြဿနာရဲ့အကြောင်းရင်းကို သေချာရှာပါ။ ဝေဖန်မှုကနေ သင်ခန်းစာယူနိုင်အောင်ကြိုးစားပါ။
Embed this episode
NOW PLAYING
Don’t Forget That Criticism Is Important For Success.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.