Don't forget that some things are easier to let go of than to hold on to.  episode artwork

EPISODE · May 22, 2026 · 3 MIN

Don't forget that some things are easier to let go of than to hold on to.

from ဒီနေ့အတွက်စကား · host Padamyar FM

တွေဝေရခက်တဲ့ ဆက်ဆံရေးထဲပိတ်မိနေတဲ့အခါဒီအချက်လေးကို သေချာတွေးကြည့်ပါ ။ ကိုယ်က ဒီလူတစ်ယောက်ကို စွန့် လွှတ်ရမလား။ဆက်ပြီး ဖမ်းဆုပ်ထားသင့်သေးလားဆိုတဲ့ အတွေးမျိုးနဲ့ နာကျင်ရတဲ့အခြေနေမျိုးမှာဆိုပါတော့။ ဒီအခြေနေကို ဘာကြောင့်ရောက်လာခဲ့သလဲ အဖြေရှာကြည့်ရင် ပြဿနာတွေခဏခဏဖြစ်ပြီး ဒီဆက်ဆံရေးဟာ Toxic ဖြစ်လာပြီ လို့ ထင်လို့ပဲမဟုတ်လား။ ဒါဆို ဘာ့ကြောင့် လက်လွှတ်ဖို့ ခက်ခဲနေရသေးလဲ ။ သေချာတာတော့သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်တွေ ၊ သံယောဇဉ်တွေ မကုန်နိုင်သေးလို့ သူနဲ့အတူရှိခဲ့တဲ့အမှတ်တရတွေ ၊ သူ့ကြောင့် ကုန်ခဲ့တဲ့အချိန်တွေကို နှမြောလို့ပဲ ။                                                                                                                                                  ဒီလူဟာ ကိုယ့်အပေါ် Cheat လုပ်တယ် ၊ဆက်တိုက်နာကျင်စေတယ် ၊ သူဟာ အရင်က ကိုယ့်အပေါ် ကောင်းခဲ့တဲ့လူ တစ် ယောက်မဟုတ်တော့ဘူး ဆိုတာ သေချာပေါက်လည်း သိတယ်။ ဒါပေမဲ့ သူအရင်လိုပဲပြန်ကောင်လာလေမလားဆိုပြီး သည်းခံ ပြီးလိုက်ညှိယူနေရတယ်ဆိုရင် ကိုယ့်အတွက် လုံးဝ Healthy မဖြစ်တော့ဘူး။ ကြာတော့ ကိုယ်ကအမြဲ အရှူံးပေးပြီး ၊ က်ုယ့် မာနတွေကလည်းပြာပုံဖြစ်ပြီး ဘာအဆင်မှမရှိတော့သလို ခံစားလာရတယ်။ ကိုယ့်အပေါ် စိတ်ဝင်စားမှုမရှိတော့ တဲ့သူကို လက်မလွှတ်နိုင်ပဲ ထပ်တလဲလဲ ဆွဲထားမိနေတာခြင်းဟာ  ငါက ဒီလိုလူပါ ၊ ငါက တန်ဖိုးမရှိတဲ့သူပါ ဆိုတဲ့အချစ်မခံ ရခြင်းက ဖြစ်လာတဲ့ ထင်ယောင်ထင်မှား အတွေးကို ပိုသေချာအောင်လုပ်နေမိသလိုပဲ။ ကိုယ်က ဒီလိုမျိုး တွေဝေရတဲ့ အခြေ အနေတစ်ခုမှာ ပိတ်မိနေပြီဆိုဟာလက်လွှတ်လိုက်ပါတော့လို့ ဦးနှောက်က အချက်ပြနေတာပဲ။

Episode metadata supplied by the publisher feed · Published May 22, 2026

Embed this episode

NOW PLAYING

Don't forget that some things are easier to let go of than to hold on to.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on May 22, 2026.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!