EPISODE · Nov 22, 2025 · 3 MIN
Don't forget the day you decided to change. Don't sit comfortably. Don't be lazy.
from ဒီနေ့အတွက်စကား · host Padamyar FM
ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့ကို မမေ့နဲ့။ ခက်ခဲမှုတွေကြောင့်ပြိုလဲချင်လာရင် ကိုယ်ဘာကြောင့်စတင်ခဲ့သလဲ ပြန်သတိရဖို့လိုတယ်။ မှန်ထဲ ပြန်မြင်နေရတဲ့ ကိုယ့်ကို အားမရလို့ဖြစ်စေ၊ လူတွေရဲ့ စကားလုံးတွေအောက်ကျရှုံးနေရတာ စိတ်ကုန်လာလို့ဖြစ်စေ၊ မတိုး တက်ရင် ဒီထက်ပိုနာကျင်စရာတွေ ဖြစ်လာမယ်မှန်း ရိပ်မိလို့ဖြစ်စေ၊ဘာကြောင့်ဖြစ်ဖြစ် သွေးနဲ့ချွေးတွေရင်းရဲလောက်အောင် ကိုယ့်မှာ ဆာလောင်မှုရှိခဲ့ပြီးပြီပဲ။စပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တဲ့နေ့ကို မမေ့ဖို့လိုတယ်။ လက်လျှော့ချင်တိုင်း အဲ့ဒီနေ့က ခံစားခဲ့ရတဲ့ နာကျင်မှု၊ ခံပြင်းမှု၊ ဆာလောင်မှုတွေကို ပြန်တွေးဖို့လိုတယ်။ သာမန်လူတွေမှာ မရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်နိုင်ရင်၊သာမန်နဲ့မတူတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ မမေ့နဲ့။သူများလောက်ဘဝပေးထားချက်တွေ မကောင်းလို့ စိတ်မပျက်နဲ့။ထီးမပါတဲ့သူက မိုးရေထဲမှာ အပြေးအမြန်ဆုံးသူ ဖြစ်နေတတ်တယ်ဆိုတာ သိထားဖို့လိုလိမ့်မယ်။
Embed this episode
NOW PLAYING
Don't forget the day you decided to change. Don't sit comfortably. Don't be lazy.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.