EPISODE · Jun 11, 2026 · 3 MIN
Don’t Forget to Take Care And Love Yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ အားလုံးမှာ ကိုယ်ချစ်တဲ့ သူတွေဂရုစိုက်ပေးဖို့ ကြင်နာပေးဖို့ စောင့်ရှောက်ပေးဖို့ စသည်ဖြင့် ကောင်းမွန်တဲ့ ဆန္ဒ တွေ ရှိကြပါတယ်။ အဲ့ဒီလိုမျိုးအခြားလူတွေဆီကလဲ ဂရုစိုက်တာ ယုယတာ ကြင်နာတာ စတာတွေကို တပြိုင်နက်ထဲမှာ ပြန်ပြီးမျှော်လင့်နေတတ်ကြပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ချစ်ပေးဖို့ဂရုစိုက်ပေးဖို့ စောင့်ရှောက်ပေးဖို့ အချိန်ပေးဖို့ လူအတော် များများကမေ့နေတတ်ကြပါတယ်။ ကိုယ်လိုချင်တဲ့ အရာတွေကို ပြင်ပကမ္ဘာမှာ လိုက်လံရှာဖွေနေတတ်ကြပြီး ကိုယ့်အတွင်း လိုအင်တွေ လိုအပ်ချက်တွေကိုတော့ မေ့မေ့လျော့လျော့လျစ်လျူရှုထားမိတတ် ကြပါတယ်။ ဘဝကို ဖြစ်သလို နေတယ်။ ဖြစ်သလို စားတယ်။ အလုပ်တွေကြောင့်အိပ်ရေးတွေ နေ့စဉ် ရက်ဆက် အပျက်ခံတာမျိုး ရှိသလို၊ အရေးမကြီးတဲ့ Game တွေ Social Media တွေနဲ့ အိပ်ရေးတွေအပျက်ခံပြီး အချိန်ဖြုန်းမိနေတာတွေလဲ ရှိတယ်။ ကိုယ့်ကိုအလေးအနက်မထား တန်ဖိုးမထားတဲ့ သူတွေအတွက်လဲ ဒုက္ခတွေ အပင်ပန်းတွေ ခံကြတယ်။ ဒါတွေက Self-Love, Self Care အားနည်းတာပါပဲ။
Embed this episode
NOW PLAYING
Don’t Forget to Take Care And Love Yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.