EPISODE · Oct 13, 2025 · 3 MIN
Don’t Forget To Take Care Of Your Loved Ones While They Are Still Alive.
from ဒီနေ့အတွက်စကား · host Padamyar FM
လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဂရုစိုက်ချစ်ခင်မှုကို အခြားအရာတွေထက် ပိုမိုလိုလားကြပါတယ်။ချစ်ခင်ဂရုစိုက် ခံရတဲ့ ခံစားချက်ဟာ လူတစ်ယောက်အတွက် ဘာနဲ့မှ အဖိုးဖြတ်လို့မရအောင်တန်ဖိုးရှိတဲ့ ခံစားချက်ပါပဲ။ လူအများစုက သူတို့ ပတ်ဝန်းကျင်က အခြားသူတွေကိုချစ်ခင်ဂရုစိုက်ကြပေမယ့် မြင်သာအောင် မပြသတတ်ကြပါဘူး။ ကိုယ်တိုင်ရော ချစ်ရတဲ့သူ တွေကိုဂရုစိုက်ကြောင်း ဖော်ပြဖို့ အခက်တွေနေပါသလား။ ကိစ္စတွေ များမြောင်လှတဲ့ လောကကြီးထဲမှာ အချိန်ဟာ ပေးနိုင်တဲ့အရာတွေထဲကတန်ဖိုး အရှိဆုံးနဲ့ အလှပဆုံးအရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကိုယ့်အတွက် အလေးထားပြီးလိုအပ်သူတွေကို အချိန်ပေးပါ၊ အတူတူ စားသောက်ဖို့ ဖိတ်ခေါ်တာ၊ အပြင်သွား တာ၊နောက်ဆုံး ကော်ဖီတစ်ခွက်လောက် အတူသောက်ပေးတာကိုက ဂရုစိုက်မှု ကိုဖော်ပြလိုက်တာပါပဲ။ ချစ်တဲ့သူတွေကို လက်ဆောင် ဝယ်ပေးပါ။ လက်ဆောင်တွေဟာချစ်ခြင်းရဲ့သင်္ကေတာအဖြစ် သတ်မှတ်ကြပါတယ်။ လက်ဆောင်ပေးခြင်းဟာ ချစ်ရတဲ့သူကို ဘယ်လောက်ထိဂရုစိုက်ကြောင်း ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အမြဲတမ်းတန်ဖိုးကြီး လက်ဆောင်တွေပေးဖို့ကို မဆိုလိုပါဘူး။ ကိုယ့်ရဲ့ ချစ်ခင်ကြင်နာမှုနဲ့ ဂရုစိုက်မှုကိုဖော်ပြနိုင်တဲ့အရာဖြစ်ဖို့ပဲလိုပါတယ်။
Embed this episode
NOW PLAYING
Don’t Forget To Take Care Of Your Loved Ones While They Are Still Alive.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.