EPISODE · Jan 1, 2026 · 3 MIN
Don't let your life get too tiring. Be able to control your mind and body properly.
from ဒီနေ့အတွက်စကား · host Padamyar FM
ရှင်သန်ခြင်းကို အရမ်း မပင်ပန်းပါစေနဲ့။ ကိုယ့်စိတ်နဲ့ကိုယ့်ခန္ဓာကို မှန်ကန်စွာControl လုပ်နိုင်ပါစေ။ချမ်းသာကြွယ်ဝတဲ့လူကို အားကျပြီးကြိုးစားတာကကောင်းမွန်ပေမဲ့ ကိုယ့်ရဲ့ သာမန်အခြေနေ နဲ့ အဲ့ဒီ့လူပုံစံအတိုင်းဖြစ်အောင် အတင်းလုပ်ယူလို့ မရပါဘူး။ သူက ဖုန်းအကောင်းစားကိုင်လို့ ငါလဲကိုင်ရမယ်။ သူက ဘယ်ကိုသွားလို့ ၊ ဘာတွေ လုပ်နိုင်လို့ ဆိုတာမျိုး မသိစိတ် ကနေလိုက်မပြိုင်ပါနဲ့။ ကိုယ်ဟာ သာမန်လူပုံမှန် လစာလေးဘဲ ရှိသူဆိုရင်ကျနော်တို့ အဝတ်စားဟာ သောင်းကျော်၊သိန်းကျော်နေစရာမလိုပါဘူး။ နောက်ဆုံးပေါ် I Phone မကိုင်နိုင်လဲဘာမှမဖြစ်ပါဘူး ။ အကောင်းစားစား ဖိနပ်တွေ စီးစရာမလိုဘူး။ သိန်းကျော်တန်အိတ်တွေ ကိုင်စရာမလိုပါဘူး။သင့်တော် လှပတဲ့ လူနေမှု ပုံစံအတိုင်းပဲသွားပါ။ လျှော်ဖွပ်သန့်စင်ပြီးတဲ့ အဝတ်ကိုဝတ်ပါ။သက်တောင့် သက်သာ ဖြစ်စေတဲ့ ဖိနပ် ကို စီးပါ။အာဟာရဖြစ်စေမဲ့ အစားသောက်ကိုစားပါ။ ကိုယ့်လုပ်ငန်းမှာ အသုံးဝင်မဲ့ ဖုန်းလေးဆို အဆင် ပြေနေပါပြီ။
Embed this episode
NOW PLAYING
Don't let your life get too tiring. Be able to control your mind and body properly.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.