EPISODE · Nov 17, 2025 · 3 MIN
Don't limit yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
ငါ ဒီလောက်အထိ လုပ်နိုင်ပါ့မလား။ ငါကိုယ်တိုင်ကအမှားဖြစ်နေတာပါလား။ ဒီစကားတွေက တခါတလေ စိတ်အလိုမကျမှုတွေ ကျရှုံးမှုတွေကြုံလာရတိုင်း ကိုယ်တိုင် ရေရွတ်မိတဲ့ စကားတွေပေါ့။ ပစ္စည်းတွေကို သူ့နေရာသူစနစ်တကျရှိနေဖို့အတွက် Label တပ်ပြီး ဘယ်နေရာမှာ ဘာရှိလဲ ရှင်းရှင်းလင်းလင်းသိစေနိုင်ပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှု၊ အမူအကျင့်လေးတွေကိုတော့ Label တပ်နေဖို့ မလိုပါဘူး။ အမှားတစ်ခုကို စလုပ်လုပ်မိမိချင်း "ငါ အမှားလုပ်လိုက်မိတယ်" ဆိုပြီး နောင်တရတတ်ကြတယ်။ နောက်ထပ်မှားမိရင်တော့ "ငါအမြဲတမ်း အမှားတွေကြီး လုပ်နေတာပါလား" ဆိုပြီး ဖြစ်လာကြတယ်။ နောက်ဆုံး"ငါကိုယ်တိုင်က အမှားဖြစ်နေတာပါလား" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် Labelတစ်ခု မသိစိတ်နေ တပ်ထားလိုက်မိတတ်ကြပါတယ်။
Embed this episode
NOW PLAYING
Don't limit yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.