EPISODE · Jul 19, 2026 · 3 MIN
Don’t Lose Your Heart Whenever You Face Pain In Life.
from ဒီနေ့အတွက်စကား · host Padamyar FM
အမှန်တရားတစ်ခု ရှိပါတယ်။ ဒါကတော့ဘဝဆိုတာ အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့အတိုင်း သာယာချောမွေ့နေမှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစ်ခါတစ်လေမှာသင်မကြုံချင်တဲ့ နာကျင်မှု ဝေဒနာတွေကို ကောင်းကောင်းကြီး ကြုံတွေ့ ခံစားရနိုင်ပါတယ်။ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ တကယ်တော့ နာကျင်မှုတွေဆိုတာ လူတွေကို ပြောင်းလဲသွားစေတဲ့ဆရာသခင်ပါ။ နာကျင်မှု တွေကပဲ ပိုရင့်ကျက်လာစေတယ် ၊ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ်ကိုပြောင်းလဲပေးနိုင်တာပါ။ ဘဝမှာကြုံတွေ့ရတဲ့ နာကျင်မှု တွေကို ဘာကြောင့် ကြိုဆိုလက်ခံသင့်လဲ။သူတို့ကဘဝရဲ့ အနှစ်သာရကို ပုံဖော်ပေးတယ်။ နာကျင် မှုတွေကဘဝကို ကွဲပြားစွာရှုမြင်တက်စေပြီး ဘဝရဲ့အနှစ်သာရကို နားလည်စေပါတယ်။ ဘဝဆိုတာ အမြဲတမ်းအချိုတွေပဲ မပေး ပါဘူး။ ဘဝမှာ ခါးသီးတဲ့ အမှန်တရားတွေ ရှိတယ်ဆိုတာကို နာကျင်မှုတွေကနေတဆင့်နားလည်လာစေ နိုင်ပါတယ်။ ဆိုတော့ ဘဝမှာ သင်မလိုချင်တဲ့ ခါးသီးမှုတွေ ကြုံရတဲ့အခါ ဒါဟာဘဝရဲ့အနှစ်သာရ ပါလားဆိုတာကို လက်ခံတက်လာစေမှာ ဖြစ်ပါတယ်။
Embed this episode
NOW PLAYING
Don’t Lose Your Heart Whenever You Face Pain In Life.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.