EPISODE · Jan 19, 2026 · 3 MIN
Don't Put Your Emotions First And Lose Valuable Relationships.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘယ်ဆက်ဆံရေးမှာ မဆို ကိုယ့်စိတ်ခံစားချက်အတိုင်းလိုက်ပြောင်းနေလို့ မရပါဘူး ။ ကိုယ့် Emotional ပေါ် မူတည်လို့ မရပါ ဘူး။ဥပမာ - စိတ်မကြည်ရင် စကားကောင်းကောင်းမပြောတာမျိုး ၊ အလုပ်က ပြဿနာကိုမိသားစုအပေါ်ပုံချတာမျိုး ၊ ဒေါသ စိတ်အခံနဲ့ တွေ့ကရာလူကိုအပစ်လိုက်တင်မိတာမျိုးတွေပေါ့ ။ နေရာတိုင်းမှာ သူ့အကန့်နဲ့သူ ခွဲထားတတ်ဖို့လိုပါတယ်။ အလုပ်က ပြဿနာ အလုပ်မှာထား ၊ မိသားစုပြဿနာဟာ ချစ်သူနဲ့မဆိုင်ဘူး ၊လင်မယားနှစ်ယောက်ကြားက ကတောက်ကဆ ဟာ သားသမီးတွေနဲ့ မဆိုင်ဘူး ၊ကိုယ်စိတ်အခန့်မသင့်တိုင်း အပြစ်မရှိတဲ့သူတွေကိုပါ ဝါးလုံးရှည်နဲ့ ပတ်မရမ်းမိဖို့သတိထားရပါမယ်။လူတိုင်းကတော့ စိတ်မကြည်ရင် အကောင်းမြင်စိတ်ထားနိုင်ဖို့ကအတော်ခဲယဉ်းကြပါတယ် ။ ဒါပေမဲ့လည်း ကိုယ့်စိတ်အခြေ အနေကို ရှေ့တန်းတင်ပြီးတစ်ဖက်လူကို နစ်နာအောင်ပြောမိတာမျိုး ၊ ဝမ်းနည်းအောင်စိတ်ထိခိုက်အောင်လုပ်မိတာမျိုး မဖြစ် ဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်ကစိတ်အခန့်မသင့်ချိန်မှာ ပြောမိလိုက်တဲ့စကားဆိုပေမဲ့ ကြားရသူက စိတ်ထိခိုက်သွားတာ မျိုးရှိမှာပဲ။ဒီအချိန်မျိုးမှာ စကားတွေ မမှားဖို့ သတိထားရမယ်။
Embed this episode
NOW PLAYING
Don't Put Your Emotions First And Lose Valuable Relationships.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.