Don't spend time in unnecessary places.                                                                                                     episode artwork

EPISODE · Jun 7, 2026 · 3 MIN

Don't spend time in unnecessary places.

from ဒီနေ့အတွက်စကား · host Padamyar FM

လုပ်ငန်းခွင်ဝင်နေရတဲ့သူတွေ ၊နေ့တစ်ဓူဝလှုပ်ရှားသွားလာနေရတဲ့သူတွေအတွက် စိတ်ထွက်ပေါက်တစ်ခုဆိုတာ လိုအပ်ပါတယ်။စိတ်ထွက်ပေါက်မရှိတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ လုပ်ကိုင်ရတာပျော်ရွှင်မှုမရှိတော့ပဲ စိတ်ဖိဆီးတာ ၊ စိတ်ပင်ပန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် လိုအပ်တာထက် ပိုပြီး အချိန်တွေကုန်လွန်စေတာဟာလည်း ကိုယ့်ရဲ့နေ့စဉ်ဆောင်ရွက် ချက်တွေကို ထိခိုက်ပျက်ယွင်းစေပါတယ်။ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ အချိန်ပမာဏထက် ပိုလွန်ပြီး အချိန်တွေ ကုန်ဆုံးစေတာ ၊အကျိုးမရှိစေတဲ့ နေရာတွေကိုအချိန်တွေ ပေးမိတာက ကိုယ်တစ်ဖက်မှာလုပ်ကိုင်စရာရှိတာတွေ နှောင့်နှေးကြန့်ကြာစေတာကို လည်းသတိပြုမိဖို့လိုအပ်ပါလိမ့်မယ်။                                                                                                                            တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ အာရုံတွေထဲ နစ်ဝင်နေတဲ့အခါမှာကိုယ့်ကိုကိုယ် သတိပြုမိဖို့ မေ့လျော့သွားတတ်ကြပါတယ်။ ဒီနေရာမှာ ကိုယ်ဟာဘယ်လိုအနေအထားနဲ့ သွားလာနေတယ် ၊ ဘာတွေဖြစ်နေတယ်ဆိုတာကို သတိပြုမိကြမှာမဟုတ်ပါဘူး။ကိုယ့်ရဲ့အလုပ်ခွင်ပတ်ဝန်းကျင် ၊ မိသားစု ၊ သူငယ်ချင်းတွေဟာ ကိုယ့်ကို မြင်ရတဲ့အခါသူတို့က ကိုယ်သတိမပြုမိတဲ့ ဟာကွက်တွေ ၊ အားနည်းချက်တွေ ၊ လိုအပ်ချက်တွေကို သတိပြုမိတတ်ကြပါလိမ့်မယ်။သူတို့ အကြံပေးလာတဲ့ အကြံပေးမှုတွေကို နားထောင်ပြီးကိုယ့်ဘာသာပြန်လည်သုံးသပ်ကြည့်ဖို့ဟာလည်း အင်မတန်ကို အရေးကြီးပါတယ်။အဲ့လိုမှမဟုတ်ပဲ ကိုယ်ဟာ နားမထောင်ပဲ လစ်လျူရှု့ပြီး လုပ်ချင်ရာလုပ်မယ်ဆိုရင်တော့အချိန်ကြာလာတာနဲ့အမျှ ကိုယ်လည်း ပင်ပန်းသလို ဟာကွက်တွေ ၊ အားနည်းချက် တွေများစွာကျန်ရစ်လာပါလိမ့်မယ်။ 

Episode metadata supplied by the publisher feed · Published Jun 7, 2026

Embed this episode

NOW PLAYING

Don't spend time in unnecessary places.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on June 7, 2026.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!