EPISODE · Jul 23, 2026 · 3 MIN
Don’t Think More Than You Need To.
from ဒီနေ့အတွက်စကား · host Padamyar FM
တွေးတောတတ်တာဟာ လူတိုင်းအတွက်သာမာန်ဖြစ်စဉ်တစ်ခုပေမယ့်လည်း လိုတာထက်ပိုပြီး တွေးတောနေတာဆိုရင် Overthinkingလို့ခေါ်တဲ့ အဆင့်ကိုရောက်ရှိစေပါတယ်။ Overthinking ဟာ အမှားလုပ်မိမှာကို ကြောက်ရွံ့တာ၊ စိတ်ဖိစီး တာ၊ အတိတ်ကစိတ်ဒဏ်ရာတွေကြောင့် perfectမဖြစ်မှာကို စိုးရိမ်တာစတဲ့အကြောင်းအရင်းတွေကနေဆင့် Overthinking ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် Overthinking ဟာ Anxiety(စိုးရိမ်ပူပန်တာ) နဲ့ Depression (စိတ်ဓာတ်ကျတာ)စတဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့လည်း ဆက်စပ်မှု ရှိနိုင်ပါ တယ်။ Overthinking ဖြစ်တတ်တာကို စိတ်ရောဂါတစ်ခုအနေနဲ့မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် တချို့ Psychologists နဲ့ Therapistsတွေကတော့ Overthinking ဖြစ်တာဟာ Anxiety,Depression နဲ့ Stress တို့ကိုဖြစ်စေတဲ့ မူလအစ လက္ခဏာ ဖြစ်စေနိုင်ပါ တယ် ဆိုပြီး ပြောထားပါတယ်။ ဒါကြောင့် ကိုယ်ကအတွေးလွန်တတ်တယ်ဆိုရင် မပေါ့လျော့သင့်ပါဘူး။
Embed this episode
NOW PLAYING
Don’t Think More Than You Need To.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.