EPISODE · Dec 19, 2025 · 3 MIN
Don’t Treat Someone Better Than Treating Yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ကကျွန်တော်တို့ချစ်ရတဲ့သူတွေကိုကိုယ့်ကိုယ်ကိုယ်ထက်ပိုပြီးကောင်းပေးကြတယ်ကောင်းပြကြတယ်။ အဆုံးသတ် ကျတော့ ကျွန်တော်တို့ရင်ကိုစုံကန်ခံရတယ်ဒါလည်းမှတ်လားဆိုတော့ အမှတ်မရှိပြန်ပါဘူး။ ကိုယ့်မှာမရှိရင်တောင်မှ သူများဆီက ယူပြီးဖြည့်ဆည်းပေးချင်ကြတယ်ကိုယ့်မှာအပိုအလျံမရှိပဲဖြည့်ဆည်း ပေးချင် တော့ဝန်ထုပ်ဝန်ပိုးတွေဖြစ်ကြရတယ်။ အရာရာတိုင်းကို ကိုယ်ကနေပဲ စစေချင်တယ် ကိုယ့်ကိုယ်ကိုယ်အရင်ဖြည့်စေချင်တယ် ကိုယ့်မှာ ပြည့်မနေပဲ သူများကိုပေးချင် တာကနေကျွန်တော်တို့ကစမှားတာပဲ လက်ခံတတ်တဲ့သူနဲ့တွေ့ရင် အကြောင်းမဟုတ်ပေမယ့် စုံကန်သွားတဲ့သူနဲ့တိုးရင် ရင်ကွဲ ပက် လက်ဖြစ်ရပါတယ် ကူညီတာနဲ့ ကိုယ်ချစ်တဲ့သူကိုဖြည့်ဆည်းပေးတာကမတူဘူး။ လမ်းဘေးမှာတောင်းစားနေတဲ့သူကိုသနားလို့ ဆိုပြီး ပိုက်ဆံကူပေးခဲ့လိုက်တယ်။ ကိစ္စက အဲ့နားမှာတင်ပြတ်သွားရော သူဘာနဲ့ဝယ်စားမလဲတွေသူထမင်းရော စားရ ပါ့မလားတွေ တွေးပြီးပူမနေတော့ဘူး။ကူညီနိုင်သလောက်ကူညီခဲ့လိုက်တယ်ပြီးပြီ ဖြည့်ဆည်းတာတွေကျတော့ အတော မသတ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ထက်ပိုပြီး တရားလွန်ဖြည့်ဆည်းပေးချင်နေသလိုဖြည့်ဆည်းခံရတဲ့သူကလည်း ရမှန်းသိတော့ အလိုက် ကန်းဆိုးမသိအနိုင်ကျင့်လာတတ်တယ်သူရဖို့ပဲသိလာပါတော့တယ်။ မိဘတွေလည်းသားသမီးကို ကိုယ့်ထက်ပိုကောင်းစေချင်တယ် အိတ်သွန်ဖာမှောက် ရှိသမျှအကုန်လုပ်ပေးတော့တာပဲ သိတတ် တဲ့သားသမီးနဲ့တွေ့ရင်အကြောင်းမဟုတ်ပေမယ့် မသိတတ်တဲ့သားသမီးနဲ့တွေ့ရင်ကျတော့အသက်ကြီးမှဒုက္ခလှလှ တွေ့ရပါ တယ်။ ကိုယ့်ထက်ကိုယ့်ဘေးမှာရှိတဲ့သူကို ပိုကောင်းစေချင်တာကတကယ်တော့ စေတနာအမှားတွေပါ။ ကိုယ်တောင်ထမင်း မစားရသေးပဲနဲ့သူမှစားပြီးပြီလားဆိုပြီး တွေးပူတယ် အမှန်တော့ နေစိမ့်တယ်ဆိုတာထက် နေတတ်ရပါတယ်။မလိုအပ်တဲ့ အရာတွေမှာပိုကောင်းပြတိုင်း တချို့က စေတနာကိုနားလည်တတ်ကြတာမဟုတ်ဘူး အသည်းမာတတ်ဖို့လိုပါတယ်။ အသည်း မမာတတ်ရင်ကိုယ်က ခံဘက်ကချည်းပဲဖြစ်နေမယ်ဆိုတာသိထားလိုက်ပါတော့။ စေတနာ ကောင်းတိုင်း ကံကောင်းတာတော့ မဟုတ်ဘူး။ကိုယ့်ရဲ့စေတနာကိုမြင်တတ်တဲ့ right personနဲ့တွေ့မှသာကံကောင်းတာမျိုးပေါ့ ကိုယ့်စေတနာတွေကို မမြင် တတ် တဲ့သူတွေကိုစေတနာတွေလိုတာထက်ပိုသွားထားမိနေရင်စေတနာအကောင်းလွန်လို့ ရင်ဝကိုစုံကန်ခံရတတ်ပါတယ်။ကိုယ့် အိပ်ချိန်တွေမှန်ရဲ့လားကိုယ့်စားချိန်တွေမှန်ရဲ့လားကိုယ့်ရည်မှန်းထားတဲ့goalsတွေကိုလုပ်ဖြစ်နေရဲ့လားကိုယ့်မှာအပိုအလျံရှိရဲ့လားဆိုတာတွေကိုသူများကိုကိုယ့်ထက်ပိုကောင်းပေးဖို့လုပ်တော့မယ်ဆိုရင် ဒီအချက်တွေကို သတိရပါ။ ကိုယ့်ကိုယ်ကိုယ်ထက် ဘယ်သူ့ကိုမှပိုမကောင်းပေးပါနဲ့အတ္တဆန်တာလည်းမဟုတ်ဘူး နေစိမ့်တာလည်းမဟုတ်ဘူး ကိုယ့်မှာကိုယ်ပဲရှိတဲ့ အတွက် ကိုယ့်ကိုယ်သာကောင်းပေးပါ တစ်ကိုယ်ကောင်းဆန်ခိုင်းတာမဟုတ်ပါဘူးSelf-loveထားပြီး ကိုယ်ကနေမှတဆင့် ပြန်လည် ခွဲဖြာထွက်ခိုင်းတဲ့သဘောမျိုးပါ အကျိုးရှိပါလိမ့်မယ်။
Embed this episode
NOW PLAYING
Don’t Treat Someone Better Than Treating Yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.