EPISODE · Apr 22, 2025 · 10 MIN
ဧပြီလ ၂၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးတစ်ရာကျော် ကြဲကျတိုက်ခိုက်ခဲ့တဲ့အကြောင်း- မွန်၊ ကရင်၊ ထားဝယ် စစ်ရေးမဟာမိတ်အဖြစ် တော်လှန်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ ပူးပေါင်းလိုက်တဲ့အကြောင်း- တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့အခြေအနေ- စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်လို့ သရက်ချောင်းမှာ KNLA တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားတာ- မူးယစ်ဆေးဝါး ရောင်းဝယ်သူခြောက်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ- တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တဲ့အခြေအနေ- စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ရေဖြူမြို့နယ် ဒေသခံနှစ်ယောက်ကို ဆယ်ရက်ကျော်ကြာတဲ့အထိ ပြန်မလွတ်လာသေးတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဧပြီလ ၂၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.