EPISODE · Apr 25, 2024 · 11 MIN
ဧပြီလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - နှစ်သုံးဆယ်နီးပါးအကြာ စစ်ကောင်စီတပ်အခြေချခဲ့တဲ့ မောထစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာ - မောရဝတီရေတပ်က ဖမ်းထားတဲ့ ဖောင်းတောရွာသား သားအဖနှစ်ဦးအနက် အဖေဖြစ်သူသေဆုံး - စစ်ကောင်စီက ဓာတ်မြေဩဇာသယ်ယူခွင့် တင်းကျပ်ထားလို့ တောင်သူတွေအခက်ကြုံနေရတဲ့အကြောင်း - သရက်ချောင်း ဆင်ကျန်းကျေးရွာ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့တဲ့ အခြေအနေ - မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တဲ့ အကြောင်း - ဘန်ကောက်မှာ ဓာတ်လိုက်သေဆုံးသွားတဲ့ မြန်မာလုပ်သားအမှု နစ်နာကြေးဘတ်သုံးသိန်းနဲ့ ပြေလည်သွားတဲ့သတင်း - ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်ဖွဲ့ဝင် သုံးဦးကို လူထုရှေ့မှာ သေဒဏ်ချ - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဧပြီလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.