EPISODE · Mar 14, 2026 · 4 MIN
Ep06_လှိုင်းဒဏ်ကိုဘာကြောင့်ရင်ဆိုင်ရသလဲ
from "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"
"လှိုင်းဒဏ်ကို ဘာကြောင့် ရင်ဆိုင်ရသလဲ?"(ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်)တင်ဆက်သူ - July Moeမင်္ဂလာပါရှင်။ "ရေဆန်တက်သောဘဝ" Podcast ကနေ ကြိုဆိုပါတယ်။ ကျွန်မတိုအားလုံးဟာ ကိုယ်စီကိုယ်စီရဲ့ ဘဝပင်လယ်ပြင်ထဲမှာ လှေငယ်လေးတစ်စင်းစီနဲ့ ခရီးနှင်နေကြသူတွေပါ။ တစ်ခါတလေမှာ လေသင့်လို ရေစုန်မျှောရတာမျိုး ရှိပေမဲ့၊ များသောအားဖြင့်တော့ ကျွန်မတိုဟာ ခက်ခဲတဲ့ ရေစီးကြောင်းတွေကို အံတုပြီး ရေဆန်တက်နေကြရတာ ခပ်များများပါ။ ဒီကနေ့ ပထမဆုံး အပိုင်းမှာတော့ ကျွန်မတို ဘာကြောင့် ဒီလိုပင်ပန်းခံပြီး ရေဆန်တက်နေကြတာလဲ၊ ဘာကြောင့် လှိင်းဒဏ်တွေကို ရင်ဆိုင်ဖို ရွေးချယ်ခဲ့ကြတာလဲဆိုတဲ့ "ရည်ရွယ်ချက်" အကြောင်းကို ပြောပြပေးသွားမှာပါ။ လူအတော်များများက မေးလေ့ရှိပါတယ်။ "ရေစုန်မျှောလိုက်ရင် မသက်သာဘူးလား" တဲ့။ ဟုတ်ပါတယ်။ ရေစုန်မျှောလိုက်ရင် အားစိုက်စရာမလိုဘူး၊ ပင်ပန်းမှုမရှိဘူး။ ဒါပေမဲ့ ရေစုန်မျှောခြင်းရဲ့ အဆုံးသတ်ဟာ ကိုယ်မလိုချင်တဲ့ နေရာတစ်ခု ဖြစ်နေတတ်သလို၊ တစ်ခါတလေမှာ အရှိန်ပြင်းတဲ့ ရေတံခွန်ထဲကို ကျဆင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ကျွန်မတို ဘာကြောင့် ရေဆန်တက်ရသလဲဆိုရင်... "တန်ဖိုးရှိတဲ့အရာတွေဟာ ရေစီးကြောင်းရဲ့ အထက်ဘက်မှာပဲ ရှိနေလို" ပါ။ ဥပမာ- သင်လိုချင်တဲ့ အောင်မြင်မှု၊ သင့်မိသားစုရဲ့ လုံခြုံမှု၊ သင့်ရဲ့ ဂုဏ်သိက္ခာနဲ့ ပိုကောင်းမွန်တဲ့ အနာဂတ်ဆိုတာတွေဟာ လွယ်လွယ်ကူကူ ရေစုန်မျှောရုံနဲ့ ရနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ လှိင်းဒဏ်ကို ရင်ဆိုင်ရတဲ့အခါ တချိုက ကြောက်ရွံတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားကြည့်ပါ။ခိုင်ခံ့တဲ့ ရွက်လှေတစ်စင်းဟာ လေငြိမ်နေတဲ့ ဆိပ်ကမ်းမှာပဲ ရှိနေဖို ဖန်တီးထားတာ မဟုတ်ပါဘူး။ လှိင်းလေထန်တဲ့ ပင်လယ်ထဲမှာ ခရီးနှင်ဖို ဖန်တီးထားတာပါ။ လူဆိုတာလည်း အခက်အခဲဆိုတဲ့ ရေစီးကြောင်းနဲ့ တိုးမှသာ ကိုယ့်ထဲမှာ ဘယ်လောက်ထိ ခွန်အားတွေ ရှိနေသလဲဆိုတာ သိခွင့်ရတာပါ။ ဒီနေ့မှာ မိတ်ဆွေက ရေဆန်တက်နေရလို ပင်ပန်းနေပြီလား? လှိင်းတွေကပဲ ကိုယ့်ကို ရိုက်ချနေသလို ခံစားနေရပြီလား?အဲဒီလို ဖြစ်နေတယ်ဆိုရင် ဝမ်းမနည်းပါနဲ့။ အဲဒါဟာ မိတ်ဆွေက လမ်းမှန်ပေါ်မှာ ရှိနေလိုပါ။ တန်ဖိုးရှိတဲ့ ပန်းတိုင်ဆီကို သွားနေလိုပါ။ ရေဆန်တက်နေရခြင်းဟာ သင် "အသက်ရှင်နေတယ်" ဆိုတဲ့ သက်သေဖြစ်သလို၊ သင်ဟာ "အရှုးမပေးတဲ့သူ" ဆိုတဲ့ ဂုဏ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီကနေ့အတွက် ခွန်အားသစ်တစ်ခု ပေးချင်တာကတော့ - "လှိင်းတွေက သင့်ကို ရိုက်ချဖို လာတာမဟုတ်ဘဲ၊ သင့်ကို ပိုပြီး ကြံ့ခိုင်လာအောင် လေ့ကျင့်ပေးဖို လာတာပါ" ဆိုတာပါပဲ။ “ငါ့ညီအစ်ကိုတို၊ သင်တို၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။- သင်တိုသည် အလျှင်းမချိုတဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။”ရှင်ယာကုပ် 1:2-4Connect with us:Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.
Embed this episode
NOW PLAYING
Ep06_လှိုင်းဒဏ်ကိုဘာကြောင့်ရင်ဆိုင်ရသလဲ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.