"ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" podcast artwork

PODCAST · religion

"ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"

Find your rest and renewal in "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" 🕊️This podcast is dedicated to bringing you closer to God's heart through His living words. Whether you're seeking guidance or a moment of peace, join us as we explore the scriptures that light up our life's journey. Tune in and let your soul be refreshed.✨ Don't forget to subscribe and share this light with someone who needs strength today!#ChristianMeditation #BibleStudy #SpiritualGrowth #WordOfGod #MyanmarPodcast #HopeForYouth(WOH_LHM) 

Publisher-supplied feed metadata · PodParley refreshed Jun 13, 2026 · Source feed

  1. 19

    No. 19 စိတ်နှလုံးငြိမ်သက်ခြင်း

    "စိတ်နှလုံး ငြိမ်သက်ခြင်း" တင်ဆက်သူ -  July Moe သမ္မာကျမ်းချက် - ယောဟန် ၁၄:၂၇ “ငြိမ် သက် ခြင်း ကို သင် တို့၌ ငါ ထား ခဲ့၏။ ငါ၏ ငြိမ် သက် ခြင်း ကို သင် တို့ အား ငါ ပေး၏။ လော ကီ သား တို့ ပေး သ ကဲ့ သို့ ငါ ပေး သည် မ ဟုတ်။ သင် တို့ စိတ် နှ လုံး ပူ ပန် ခြင်း၊ စိုး ရိမ် တုန် လှုပ် ခြင်း မ ရှိ စေ နှင့်။-”လောကကြီးက ပေးတဲ့ ငြိမ်သက်ခြင်းဆိုတာ အရာအားလုံး အဆင်ပြေနေမှ ရတာမျိုးပါ။ ဒါပေမဲ့ ဘုရားသခင်ပေးတဲ့ ငြိမ်သက်ခြင်းကတော့ ပြဿနာတွေ၊ ဆူညံမှုတွေကြားထဲမှာတောင် ခံစားရတဲ့ ငြိမ်သက်ခြင်းမျိုး ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ စိတ်နှလုံးထဲမှာ တစ်ခုခုကို ကြောက်ရွံ့နေသလား၊ ပူပန်နေသလား။သခင်ယေရှုက 'ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏' လို့ ကတိပေးထားပါတယ်။ အခြေအနေတွေက ကျွန်မတို့ စိတ်တိုင်းမကျဖြစ်နေပါစေ၊ ကိုယ်တော့်ရဲ့ ငြိမ်သက်ခြင်းက ကျွန်မတို့ရဲ့ နှလုံးသားကို လုံခြုံစေပါလိမ့်မယ်။ ဒီနေ့ တစ်နေ့တာလုံးမှာ ဘယ်လိုအခက်အခဲပဲကြုံရပါစေ၊ ကိုယ်တော့်ငြိမ်သက်ခြင်းက ကျွန်မတို့နဲ့အတူရှိနေတယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်။Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  2. 18

    No.18 အားနည်းချိန်မှာ ရရှိတဲ့ ခွန်အား

    "အားနည်းချိန်မှာ ရရှိတဲ့ ခွန်အား" (ဝေမျှသူ - July Moe)သမ္မာကျမ်းချက် - ဟေရှာယ ၄၀:၃၁“ထာ ဝ ရ ဘု ရား ကို မျှော် လင့် သော သူ တို့ မူ ကား၊ အား ပြည့် ကြ လိမ့် မည်။ ရွှေ လင်း တ ကဲ့ သို့ မိ မိ တို့ အ တောင် ကို အ သစ် ပြု ပြင် ကြ လိမ့် မည်။ ပြေး သော် လည်း မ ပင် ပန်း၊ ခ ရီး သွား သော အ ခါ မ မော ရ ကြ။” တစ်ခါတလေ ကျွန်မတို့ဘဝမှာ ရှေ့ဆက်ဖို့ ခွန်အားတွေ ကုန်ခမ်းနေပြီလို့ ခံစားရတဲ့ အချိန်တွေ ရှိပါတယ်။ စိတ်ဓာတ်ကျတာ၊ လူပင်ပန်းတာတွေက ကျွန်မတို့ကို နောက်ဆုတ်သွားစေချင်ပါတယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက ကျွန်မတို့ ကိုယ့်ခွန်အားနဲ့ကိုယ် ကြိုးစားနေသရွေ့တော့ ပင်ပန်းနေဦးမှာပါပဲ။ ဒီနေ့ နှုတ်ကပတ်တော်က ခွန်အားအသစ်ရဖို့ 'ဘုရားသခင်ကို မျှော်လင့်ဖို့' အကြံပြုထားပါတယ်။ ရွှေလင်းတဟာ မုန်တိုင်းလာရင် အကြောက်အလန့်မရှိဘဲ လေအဟုန်ကို စီးပြီး အမြင့်ဆုံးကို ပျံတက်နိုင်သလိုမျိုး၊ ကျွန်မတို့လည်း ဘုရားသခင်ကို အားကိုးရင် လောကရဲ့ မုန်တိုင်းတွေကြားမှာ အားသစ်ကို ရရှိမှာပါ။ ဒီနေ့မှာ ပင်ပန်းနေတယ်ဆိုရင် ခဏလောက် ငြိမ်သက်ပြီး ကိုယ်တော့်ဆီက ခွန်အားကို တောင်းခံကြည့်လိုက်ကြရအောင်နော်။"Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  3. 17

    No.17 စိုးရိမ်ခြင်းကို ဘုရားသခင်ထံ အပ်နှံခြင်

    "စိုးရိမ်ခြင်းရှိသမျှကို ဘုရားသခင်ထံ အပ်နှံခြင်း" သမ္မာကျမ်းချက် - ၁ ပေတရု ၅:၇ ဝေမျှသူ - July Moe “သင် တို့ ကို သ တိ နှင့် ကြည့် ရှု တော် မူ သော ကြောင့်၊ သင် တို့၌ စိုး ရိမ် ခြင်း အ မှု ရှိ သ မျှ တို့ ကို ကိုယ် တော်၌ အပ် နှံ ကြ လော့။” ၁ ရှင်ပေတရု ၅:၇"မင်္ဂလာပါရှင်။ ကျွန်မတို့ရဲ့ 'ခွန်အားဖြည့်နှုတ်ကပတ်တော်' အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အနာဂတ်အတွက်ဖြစ်စေ၊ မိသားစုအတွက်ဖြစ်စေ စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ အဲဒီစိုးရိမ်မှုတွေက ကျွန်မတို့ပခုံးပေါ်မှာ အရမ်းလေးလံနေသလို ခံစားရတယ်မဟုတ်လား။ဒါပေမဲ့ ဒီနေ့ နှုတ်ကပတ်တော်က ကျွန်မတို့ကို ဘာပြောထားလဲဆိုရင် 'စိုးရိမ်ခြင်းအမှုကို ကိုယ်တော်၌ အပ်နှံလော့' တဲ့။ အပ်နှံတယ်ဆိုတာ ခဏလေးပေးထားတာမဟုတ်ဘဲ လုံးလုံးလျားလျား လွှတ်ချလိုက်တာကို ဆိုလိုတာပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျွန်မတို့ကို ဂရုစိုက်လို့ပါ။ ကျွန်မတို့ မခံနိုင်တဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ကိုယ်တော်က သယ်ပိုးပေးချင်နေတာပါ။ဒါကြောင့် ဒီနေ့မှာ ဘယ်လိုအရာက ကျွန်မတို့ကို စိုးရိမ်စေသလဲ? အဲဒါကို ဘုရားသခင်လက်ထဲ ယုံကြည်ခြင်းနဲ့ အပ်နှံကြည့်ရအောင်လို့ ဝေမျှအားပေးလိုက်ပါရစေ။#WordOfGod #hope4you #woh #WOHLHMMyanmar #WordOfHopeLHM #wordofhope #JulyMoeConnect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  4. 16

    No.16 စိတ်ဝိညာဉ်၏နားခိုရာ

    စိတ်ဝိညာဉ်၏ နားခိုရာ တင်ဆက်သူ - July Moeမင်္ဂလာပါ။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ နှလုံးသား ပင်ပန်းတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို ဆင်ခြင်ကြည့်ကြရအောင်။ တစ်ခါတလေ အရာရာတိုင်းကို ကိုယ်တိုင်ပဲ အားတင်းပြီး ဖြေရှင်းနေရလို့ အရမ်းပင်ပန်းမနေဘူးလားရှင်။ဘုရားသခင်က ကျွန်မတို့ကို “ငါ့ဆီလာခဲ့ပါ၊ ငါအနားပေးမယ်” လို့ ဖိတ်ခေါ်ထားပါတယ်။ အလုပ်တွေ၊ တာဝန်တွေကြားမှာ ဘုရားသခင်ရဲ့ ခြေတော်ရင်းမှာ နားခိုဖို့ အချိန်ပေးကြရအောင်။မဿဲ ၁၁:၂၈ - “ပင်ပန်း၍ ဝန်လေးသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။” ဒီနေ့ အချိန်အနည်းငယ်ယူပြီး ဘုရားသခင်ရှေ့မှာ တိတ်ဆိတ်စွာ ဆုတောင်းဖို့ ကြိုးစားကြည့်ပါ။ဘုရားသခင်နဲ့အတူ ခိုလှုံနေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးကို ကြည့်ရအောင်။လောကကြီးက ပြောင်းလဲနေပေမဲ့ ဘုရားသခင်က မပြောင်းလဲပါဘူး။ အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးရွားပါစေ၊ ကျွန်မတို့မှာ "အမြဲတမ်း မျှော်လင့်ခြင်း" ရှိနေပါတယ်။ ဘုရားသခင်က ကျွန်မတို့ရဲ့ အနာဂတ်အတွက်အကောင်းဆုံး ပြင်ဆင်ပေးထားသူပါ။ ကျွန်မတို့နဲ့အတူရှိခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပြီး လာမယ့်ရက်တွေမှာလည်း ကိုယ်တော်ကိုပဲ ခိုလှုံကြရအောင်။Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  5. 15

    No.15_ခိုင်ခံ့သောရဲတိုက်

    ခိုင်ခံ့သော ရဲတိုက် တင်ဆက်သူ - July Moeမင်္ဂလာပါ။ ဒီနေ့တော့ ကျွန်မတို့ရဲ့ လုံခြုံရေးအကြောင်း ပြောကြမယ်နော်။ရန်သူတွေ ဝိုင်းနေတဲ့အချိန်မှာ ခိုင်ခံ့တဲ့ရဲတိုက်ထဲ ရောက်သွားရင် ဘယ်လောက် လုံခြုံလိုက်မလဲနော်။ဘုရားသခင်ရဲ့ နာမတော်က အဲဒီလို ခိုင်ခံ့တဲ့ ရဲတိုက်ပါပဲ။ စိုးရိမ်ပူပန်မှုတွေက ကျွန်မတို့ကို လာတိုက်ခိုက်တဲ့အခါ ဘုရားသခင်ရဲ့ နာမတော်ဆိုတဲ့ ရဲတိုက်ထဲကို ပြေးဝင်လိုက်ပါ။သုတ္တံ ၁၈:၁၀ - “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏...” ဘုရားသခင်ရဲ့ နာမတော်ကို ခေါ်ဖိတ်ခြင်းက ဘယ်လောက် အစွမ်းထက်လဲဆိုတာ ဒီနေ့ ဒီသမ္မာကျမ်းစာလေးအားဖြင့် ခံစားကြည့်ပါလို့ အားပေးလိုက်ပါရစေ။Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  6. 14

    No.14 မုန်တိုင်းထဲက ခွန်အား

    မုန်တိုင်းထဲက ခွန်အား တင်ဆက်သူ - July Moeမင်္ဂလာပါ။ ဘဝမှာ အခက်အခဲတွေ ဝင်လာတဲ့အခါ ဘုရားသခင်က ဘယ်လို အလုပ်လုပ်ပေးလဲဆိုတာ ဆင်ခြင်ကြည့်ရအောင်။မုန်တိုင်းဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါပေမဲ့ မုန်တိုင်းထန်တဲ့အခါ ကျွန်မတို့က အကြောက်တရားနောက်ကို လိုက်မယ့်အစား ဘုရားသခင်ဆီကို ပြေးဝင်ဖို့ ရွေးချယ်ဖို့ဖြစ်ပါတယ်။ ကိုယ်တော်က မုန်တိုင်းကိုရပ်တန့်ပေးတာမျိုး မဟုတ်ရင်တောင် မုန်တိုင်းထဲမှာ ကျွန်မတို့ကို တည်ငြိမ်စေတဲ့ ခွန်အားကို ပေးပါတယ်။•ဆာလံ ၄၆:၁(ခ)  “ဘေးရောက်သည်ကာလ၌ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” လို့ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီသမ္မာကျမ်းလေးအားဖြင့် ဒီနေ့ ကိုယ်ကြုံနေရတဲ့ အခက်အခဲထဲမှာ ဘုရားသခင်ကို အားကိုးဖို့ဆုတောင်းကြည့်ရအောင်။#JulyMoe #woh #WordOfHope Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  7. 13

    No.13_ဘုရားသခင်၌ခိုလှုံခြင်း

    "ဘုရားသခင်၌ ခိုလှုံခြင်း"တင်ဆက်သူ - July Moeမင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ ကျွန်မတို့ ဘဝရဲ့မုန်တိုင်းတွေကြားထဲမှာ ဘယ်နေရာကို ပြေးဝင်ရမလဲဆိုတာကို ဆွေးနွေးသွားကြမယ်နော်။ခိုလှုံရာဆိုတာ ဘာလဲခိုလှုံရာလို့ဆိုတဲ့အခါ အန္တရာယ်ရှိမှ ပြေးဝင်ရတဲ့ နေရာတစ်ခုတင် မဟုတ်ဘဲ ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်ကိုပါ လုံခြုံစေတဲ့ နေရာလဲဟုတ်ပါတယ်။ ကျွန်မတို့ လူသားတွေက ငွေ၊ အလုပ်၊ အာဏာကို အားကိုးတတ်ကြပေမဲ့ ဒီအရာတွေက အချိန်မရွေး ပျက်စီးသွားနိုင်ပါတယ်။ဆာလံ ၄၆:၁ - “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏...”လို့ ဆိုထားပါတယ်။ဒါကြောင့် ဒီနေ့မှာ ကိုယ် အားကိုးနေတဲ့အရာက ဘာလဲဆိုတာ ခဏလေး ပြန်စဉ်းစားကြည့်ပြီး ဘုရားသခင်ကသာ အမြဲတမ်း ခိုင်မြဲတဲ့ ခိုလှုံရာဖြစ်တယ်ဆိုတာကို ဒီအကြောင်းလေးအားဖြင့် အားပေးလိုက်ချင်ပါတယ်။အားလုံးပဲ အေးချမ်းတဲ့ နေ့ရက်လေး ဖြစ်ပါစေ။#JulyMoe #woh #wordofhopeConnect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  8. 12

    NO.12_ကျမ်းစာက မလိမ်ခဲ့ပါဘူး

    "ကျမ်းစာက မလိမ်ခဲ့ပါဘူး “တင်ဆက်သူ - July Moeမင်္ဂလာပါရှင်။ 'ယုံကြည်သူဖြစ်ရင် ဘာလို ဒီလောက် ဒုက္ခများနေရတာလဲ' လို တွေးမိတဲ့ နေ့ရက်တွေ ရှိပါသလား? ကျမ်းစာက ကျွန်မတိုကို ဘယ်တုန်းကမှ 'ဘဝက လွယ်ကူလိမ့်မယ်' လို မကတိပေးခဲ့ပါဘူး။ဆာလံ ၃၄:၉ မှာ “ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။” လို ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ 'အများကြီး' ကြုံရမယ်လိုတောင် ဆိုထားတာပါ။ ဒါပေမဲ့ အရေးကြီးဆုံးက နောက်က စာသားလေးပါ... 'ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲတိုမှ ကယ်လွှတ်တော်မူ၏' တဲ့။ဘုရားသခင်ဟာ ကျွန်မတိုကို ဒုက္ခကင်းစင်တဲ့ ကမ္ဘာထဲမှာ ထားပေးတာထက်၊ ဒုက္ခတွေကြားထဲမှာ ကျွန်မတိုနဲ့အတူ လျှောက်လှမ်းပေးဖို ရွေးချယ်ခဲ့တာပါ။ ဒီနေ့ သင်ဘာပဲကြုံကြုံ... သင် တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုပဲ စွဲစွဲမြဲမြဲ ယုံကြည်ထားပေးပါနော်။"Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  9. 11

    No.11_ဒုက္ခတွေကြားကသင်ခန်းစာ

    "ဒုက္ခတွေကြားက သင်ခန်းစာ"တင်ဆက်သူ - July Moeမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မတို ကြုံတွေ့နေရတဲ့ အခက်အခဲတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်လေးတစ်ခုအကြောင်း စဉ်းစားကြည့်ရအောင်။ 'Bad Day' တွေက ကျွန်မတိုကို နာကျင်စေဖိုတင် မဟုတ်ဘဲ တစ်ခုခု သင်ပေးဖို ရောက်လာတာဆိုရင်ကော?ကျွန်မတိုက အရာရာ အဆင်ပြေနေတဲ့အချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ်လို ထင်ပြီး မာနကြီးတတ်ကြပါတယ်။ ဒါပေမဲ့ အဆင်မပြေမှုတွေ ကြုံလာရတဲ့အခါမှာတော့... တခြားသူတွေရဲ့ နာကျင်မှုကို ပိုပြီး နားလည်ပေးတတ်လာတယ်။ ပိုပြီး သနားကြင်နာတတ်လာတယ်။ဒီနေ့ သင်ကြုံနေရတဲ့ အခက်အခဲက သင့်နှလုံးသားကို ပိုပြီး 'နူးညံ့' စေဖို ပြုပြင်ပေးနေတာပါ။ နောင်တစ်ချိန်မှာ သင်နဲ့တူတဲ့ အခက်အခဲကြုံနေရသူတွေကို 'ကျွန်မလည်း ကြုံဖူးတယ်၊ အားတင်းထားပါ' လို ခွန်အားပြန်ပေးနိုင်ဖို ဘုရားသခင်က သင့်ကို ပြင်ဆင်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။“ငါတိုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတိုအား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို၌ ဘုရားသခင်သည် ငါတိုအား သက်သာစေတော်မူ၏။-” ၂ ကောရိန္သု ၁:၄Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  10. 10

    No.10_မတတ်နိုင်တော့တဲ့နေ့မှာ ပွင့်ဟဝန်ခံလိုက်

    "မတတ်နိုင်တော့တဲ့နေ့မှာ ပွင့်ဟဝန်ခံလိုက်ပါ"ဝေမျှသူ - July Moeမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မတိုရဲ့ 'ရိုးသားမှု' အကြောင်းလေး ပြောချင်ပါတယ်။ ကျွန်မတို ခရစ်ယာန်တွေဟာ တစ်ခါတလေကျရင် အမြဲတမ်း 'သန်မာဖို' ဖြစ်နေရမယ်၊ အမြဲတမ်း ပြုံးနေရမယ်လို ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အမြဲတမ်း တောင့်ခံထားရတာ ပင်ပန်းပါတယ်။၂ ကောရိန္သု ၁၂:၉ မှာ 'ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်' လို ဆိုထားပါတယ်။ ဒါဟာ ဘာကို ဆိုလိုတာလဲဆိုတော့... ကျွန်မတို 'မရတော့ဘူး' လို ဝန်ခံလိုက်တဲ့အချိန်မှာ ဘုရားသခင်ရဲ့ လက်တော်က စတင်အလုပ်လုပ်တာကို ပြောတာပါ။ဒီနေ့မှာ သိပ်ပြီး မတတ်နိုင်ချင်တော့ဘူး၊ မတောင့်ခံချင်တော့ဘူးဆိုရင်... ဘုရားသခင်ရှေ့မှာ ရိုးရိုးလေးပဲ ဝန်ခံလိုက်ပါ။ 'အဖဘုရား... ကျွန်မ တကယ်ကို မနိုင်တော့ပါဘူး၊ ကိုယ်တော်ပဲ ကူညီပေးပါ' လို ပြောလိုက်ပါ။ အဲဒီလို ဝန်ခံလိုက်တဲ့အခါမှသာ စစ်မှန်တဲ့ ငြိမ်သက်ခြင်းက သင့်နှလုံးသားထဲကို စီးဝင်လာမှာပါ။"Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  11. 9

    No.9_ဆိုးရွားတဲ့နေ့ဆိုတာ လူတိုင်းကြုံတွေ့တတ်တဲ့အရာတစ်ခုပါ"

    "ဆိုးရွားတဲ့နေ့ဆိုတာ လူတိုင်းကြုံတွေ့တတ်တဲ့အရာတစ်ခုပါ"တင်ဆက်သူ - July Moeတစ်ခါတလေကျရင် ဒုက္ခဆိုတာ တစ်ခုတည်းမလာဘဲ 'Package' လိုက်ကြီး လာတတ်တာကို ကျွန်မတိုအားလုံး ကြုံဖူးကြမှာပါ။ အလုပ်မှာလည်း အဆင်မပြေ၊ အိမ်မှာလည်း စိတ်ညစ်ရ၊ လူမှုရေးမှာလည်း ပြဿနာတက်... အဲဒီအခါမှာ 'ဘာလို ငါ့ကျမှလဲ' ဆိုတဲ့ အတွေးက ဝင်လာတတ်ပါတယ်။ဒါပေမဲ့ 'ကျွန်မ' ပြောပြချင်တာက... ဒီလိုခံစားရတာဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင်ဟာ အားနည်းနေတာလည်း မဟုတ်ပါဘူး။ သင်ဟာ 'လူသားတစ်ယောက်' ဖြစ်နေလို ဒီလိုနာကျင်မှုတွေကို ခံစားရတာပါ။ ဒီနေ့မှာ အားမရှိသလို ခံစားရရင်၊ ငိုချင်ရင် ငိုချလိုက်ပါ။ ခဏလောက် ပြိုလဲပိုင်ခွင့် သင့်မှာ ရှိပါတယ်။ ဒီနေ့ ဆိုးရွားနေတာက သင့်ဘဝတစ်ခုလုံး ဆိုးရွားသွားတာ မဟုတ်ဘူးဆိုတာကိုပဲ သတိရပေးပါနော်။"#wordofhopelhm #hope4you #JulyMoe #ForyouConnect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  12. 8

    Ep08_ပတ်ဝန်းကျင်ရဲ့အတိုက်အခိုက်များ

    "ပတ်ဝန်းကျင်ရဲ့အတိုက်အခိုက်များ" (ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်)တင်ဆက်သူ - July Moeရေဆန်တက်ဖို့ ကြိုးစားတဲ့အခါ "မင်းလုပ်နိုင်ပါ့မလား"၊ "ဒါက အလကား အချိန်ကုန်တာပဲ" ဆိုတဲ့ အသံတွေကို ကမ်းခြေကနေ အော်ပြောနေမယ့်သူတွေ ရှိပါလိမ့်မယ်။ အဲဒီလို လူတွေရဲ့ စကားကြောင့် စိတ်ဓာတ်ကျနေတဲ့အခါ ခွန်အားယူဖို့ ဆာလံကျမ်း ၁၁၈:၆ ကို ဖတ်ကြည့်စေချင်ပါတယ်။“ထာဝရဘုရားသည် ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။”ဒီကျမ်းချက်က ကျွန်မတို့ကို ဘာသင်ပေးသလဲဆိုရင်... ကျွန်မတို့ရဲ့ဘက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် ရှိနေတယ်ဆိုရင် လူတွေရဲ့ ဝေဖန်သံတွေ၊ တိုက်ခိုက်မှုတွေဟာ ကျွန်မတို့ကို မတားဆီးနိုင်ဘူးဆိုတာပါပဲ။ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကို ကျော်လွန်ဖို့ ဒီအချက် ၂ ချက်ကို နှလုံးသွင်းကြည့်ရအောင်၁။ ဘုရားသခင်ရဲ့ အမြင်ကိုပဲ အလေးထားပါ- လူတွေက သင့်ကို ဘယ်လိုပဲ နိမ့်ချပြောဆိုပါစေ၊ ဘုရားသခင်က သင့်ကို "တန်ဖိုးရှိသူ" လို့ သတ်မှတ်ထားပါတယ်။ သူတို့ရဲ့ စကားတွေကို သင့်စိတ်ထဲအထိ အဝင်မခံပါနဲ့။၂။ နှုတ်ဆိတ်ခြင်းဖြင့် အနိုင်ယူပါ-ဝေဖန်သူတွေကို လိုက်လံ ရှင်းပြနေမယ့်အစား၊ ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး သင့်ရဲ့ အောင်မြင်မှုနဲ့ပဲ သက်သေပြလိုက်ပါ။မှတ်ထားပါ... လှေတစ်စင်းဟာ ရေပေါ်မှာ ရှိနေရုံနဲ့ နစ်မသွားပါဘူး။ လှေထဲကို ရေတွေ ဝင်လာမှသာ နစ်သွားတာပါ။ အဲဒီလိုပဲ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝေဖန်ပါစေ၊ ဘုရားသခင်ပေးထားတဲ့ သင့်ရဲ့ ယုံကြည်ခြင်းထဲကို အဲဒီဝေဖန်သံတွေ မဝင်လာသရွေ့ သင် ဘယ်တော့မှ နစ်မြုပ်မှာ မဟုတ်ပါဘူး။ဒီကနေ့အတွက် ခွန်အားပေးစကားကတော့ - "ဘုရားသခင် သင့်ဘက်မှာရှိရင် သင့်ကို ဘယ်သူမှ တားဆီးလို့ မရပါဘူး"။ ဝေဖန်သံတွေကို အပြုံးနဲ့ ကျော်လွန်ပြီး သင့်ခရီးကို ဆက်လိုက်ပါ။Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  13. 7

    Ep07_လှေလှော်ခတ်ဖို့အားယူခြင်း

    "လှေလှော်ခတ်ဖို့အားယူခြင်း" (ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်အစီအစဉ်)တင်ဆက်သူ - July Moeတစ်ခါတလေမှာ ကျွန်မတိုဟာ ခရီးစတင်ဖိုထက်၊ ရပ်တန့်နေတဲ့ လှေကြီးကို စတင်ရွေ့လျားအောင် တွန်းတင်ရတဲ့အဆင့်မှာတင် အားကုန်သွားတတ်ကြပါတယ်။ "ငါ ပြန်စနိုင်ပါ့မလား" ဆိုတဲ့ သံသယတွေ ဝင်လာတဲ့အခါ ကျွန်မတိုအတွက် အင်အားဖြစ်စေမယ့် သမ္မာကျမ်းစာလာ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ ဖိလိပ္ပိသြဝါဒစာ ၄:၁၃ ပါပဲ။"ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။"ဒီကျမ်းချက်က ကျွန်မတိုကို ဘာသတိပေးနေသလဲဆိုရင်... လှေကိုလှော်ဖို အင်အားဆိုတာ ကိုယ့်ရဲ့ လူသားအင်အားသက်သက်အပေါ်မှာတင် မူတည်နေတာ မဟုတ်ပါဘူး။ ကျွန်မတိုကို ခွန်အားပေးမယ့် အရှင်ရှိနေတဲ့အတွက် "ငါမတတ်နိုင်တော့ဘူး" ဆိုတဲ့ အတွေးကို ဖယ်ထုတ်ပြီး "ငါတတ်နိုင်တယ်" ဆိုတဲ့ ယုံကြည်ချက်နဲ့ အားယူနိုင်ပါတယ်။စတင်လှော်ခတ်ဖို အားယူတဲ့အခါ ဒီအချက်လေးတွေကို သတိရပေးပါ -၁။ ယုံကြည်ခြင်းနဲ့ ပထမဆုံးအချက်ကို လှော်ပါ- အရှိန်ရသွားတဲ့အခါမှာ ရှေ့ဆက်ရတာ ပိုလွယ်ကူလာပါလိမ့်မယ်။ ခွန်အားပေးမယ့် အရှင်ရှိနေတာကြောင့် မကြောက်ဘဲ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပါ။၂။ သေးငယ်သော ခြေလှမ်းများကို တန်ဖိုးထားပါ- ကမ်းခြေကို လှမ်းကြည့်ပြီး အားမငယ်ပါနဲ့။ ဒီနေ့အတွက် သင်လှော်ရမယ့် တစ်ချက်ချင်းစီမှာ ဘုရားသခင်ရဲ့ မစမှု ပါနေတယ်ဆိုတာ ယုံကြည်ပါ။မိတ်ဆွေ... လှေတစ်စင်းကို ရွေ့လျားစေတဲ့ အခက်ခဲဆုံးအချိန်ဟာ ပထမဆုံး လှော်ချက်ပါ။ သင်ဟာ တစ်ယောက်တည်း အားစိုက်နေရတာ မဟုတ်ပါဘူး။ သင့်ကို ခွန်အားပြည့်စုံစေမယ့် အရှင်က သင့်လက်ကို တွဲပြီး လှော်ခတ်ပေးနေမှာ ဖြစ်ပါတယ်။ဒီကနေ့အတွက် ခွန်အားပေးစကားကတော့ - "သင့်ရဲ့ အားနည်းချက်ထဲမှာ ဘုရားသခင်ရဲ့ ခွန်အားဟာ အထင်ရှားဆုံး ဖြစ်လာမှာပါ"။အားလုံးပဲ အားမာန်အပြည့်နဲ့ လှော်ခတ်နိုင်ကြပါစေရှင်။Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  14. 6

    Ep06_လှိုင်းဒဏ်ကိုဘာကြောင့်ရင်ဆိုင်ရသလဲ

    "လှိုင်းဒဏ်ကို ဘာကြောင့် ရင်ဆိုင်ရသလဲ?"(ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်)တင်ဆက်သူ - July Moeမင်္ဂလာပါရှင်။ "ရေဆန်တက်သောဘဝ" Podcast ကနေ ကြိုဆိုပါတယ်။ ကျွန်မတိုအားလုံးဟာ ကိုယ်စီကိုယ်စီရဲ့ ဘဝပင်လယ်ပြင်ထဲမှာ လှေငယ်လေးတစ်စင်းစီနဲ့ ခရီးနှင်နေကြသူတွေပါ။ တစ်ခါတလေမှာ လေသင့်လို ရေစုန်မျှောရတာမျိုး ရှိပေမဲ့၊ များသောအားဖြင့်တော့ ကျွန်မတိုဟာ ခက်ခဲတဲ့ ရေစီးကြောင်းတွေကို အံတုပြီး ရေဆန်တက်နေကြရတာ ခပ်များများပါ။ ဒီကနေ့ ပထမဆုံး အပိုင်းမှာတော့ ကျွန်မတို ဘာကြောင့် ဒီလိုပင်ပန်းခံပြီး ရေဆန်တက်နေကြတာလဲ၊ ဘာကြောင့် လှိင်းဒဏ်တွေကို ရင်ဆိုင်ဖို ရွေးချယ်ခဲ့ကြတာလဲဆိုတဲ့ "ရည်ရွယ်ချက်" အကြောင်းကို ပြောပြပေးသွားမှာပါ။ လူအတော်များများက မေးလေ့ရှိပါတယ်။ "ရေစုန်မျှောလိုက်ရင် မသက်သာဘူးလား" တဲ့။ ဟုတ်ပါတယ်။ ရေစုန်မျှောလိုက်ရင် အားစိုက်စရာမလိုဘူး၊ ပင်ပန်းမှုမရှိဘူး။ ဒါပေမဲ့ ရေစုန်မျှောခြင်းရဲ့ အဆုံးသတ်ဟာ ကိုယ်မလိုချင်တဲ့ နေရာတစ်ခု ဖြစ်နေတတ်သလို၊ တစ်ခါတလေမှာ အရှိန်ပြင်းတဲ့ ရေတံခွန်ထဲကို ကျဆင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ကျွန်မတို ဘာကြောင့် ရေဆန်တက်ရသလဲဆိုရင်... "တန်ဖိုးရှိတဲ့အရာတွေဟာ ရေစီးကြောင်းရဲ့ အထက်ဘက်မှာပဲ ရှိနေလို" ပါ။ ဥပမာ- သင်လိုချင်တဲ့ အောင်မြင်မှု၊ သင့်မိသားစုရဲ့ လုံခြုံမှု၊ သင့်ရဲ့ ဂုဏ်သိက္ခာနဲ့ ပိုကောင်းမွန်တဲ့ အနာဂတ်ဆိုတာတွေဟာ လွယ်လွယ်ကူကူ ရေစုန်မျှောရုံနဲ့ ရနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ လှိင်းဒဏ်ကို ရင်ဆိုင်ရတဲ့အခါ တချိုက ကြောက်ရွံတတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားကြည့်ပါ။ခိုင်ခံ့တဲ့ ရွက်လှေတစ်စင်းဟာ လေငြိမ်နေတဲ့ ဆိပ်ကမ်းမှာပဲ ရှိနေဖို ဖန်တီးထားတာ မဟုတ်ပါဘူး။ လှိင်းလေထန်တဲ့ ပင်လယ်ထဲမှာ ခရီးနှင်ဖို ဖန်တီးထားတာပါ။ လူဆိုတာလည်း အခက်အခဲဆိုတဲ့ ရေစီးကြောင်းနဲ့ တိုးမှသာ ကိုယ့်ထဲမှာ ဘယ်လောက်ထိ ခွန်အားတွေ ရှိနေသလဲဆိုတာ သိခွင့်ရတာပါ။ ဒီနေ့မှာ မိတ်ဆွေက ရေဆန်တက်နေရလို ပင်ပန်းနေပြီလား? လှိင်းတွေကပဲ ကိုယ့်ကို ရိုက်ချနေသလို ခံစားနေရပြီလား?အဲဒီလို ဖြစ်နေတယ်ဆိုရင် ဝမ်းမနည်းပါနဲ့။ အဲဒါဟာ မိတ်ဆွေက လမ်းမှန်ပေါ်မှာ ရှိနေလိုပါ။ တန်ဖိုးရှိတဲ့ ပန်းတိုင်ဆီကို သွားနေလိုပါ။ ရေဆန်တက်နေရခြင်းဟာ သင် "အသက်ရှင်နေတယ်" ဆိုတဲ့ သက်သေဖြစ်သလို၊ သင်ဟာ "အရှုးမပေးတဲ့သူ" ဆိုတဲ့ ဂုဏ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီကနေ့အတွက် ခွန်အားသစ်တစ်ခု ပေးချင်တာကတော့ - "လှိင်းတွေက သင့်ကို ရိုက်ချဖို လာတာမဟုတ်ဘဲ၊ သင့်ကို ပိုပြီး ကြံ့ခိုင်လာအောင် လေ့ကျင့်ပေးဖို လာတာပါ" ဆိုတာပါပဲ။  “ငါ့​ညီ​အစ်​ကို​တို၊ သင်​တို၏​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သည်း​ခံ​ခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက်၊ အ​ထူး​ထူး​အ​ပြား​ပြား စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း သက်​သက်​ဖြစ်​သည်​ဟု မှတ်​ကြ​လော့။- သင်​တို​သည် အ​လျှင်း​မ​ချို​တဲ့​ဘဲ စေ့​စပ်​စုံ​လင်​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း​စိတ်​သည် အ​ကုန်​အ​စင် ပြု​ပြင်​ပါ​စေ။”ရှင်ယာကုပ် 1:2-4Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  15. 5

    Ep05_ရေဆန်တက်ခြင်းရဲ့အဓိပ္ပါယ်

    "ရေဆန်တက်ခြင်းရဲ့အဓိပ္ပါယ်"တင်ဆက်သူ - July Moe(ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်အစီအစဉ်)အပတ်စဉ် စနေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ ခွန်အားယူနားဆင်ပေးပါအုံးနော်...အားလုံးအပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ...Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  16. 4

    Ep04_အမှောင်ဆုံးညတွေမှာလည်း ကြယ်ပွင့်လေးတွေရှိပါတယ

    "အမှောင်ဆုံးညတွေမှာလည်း ကြယ်ကလေးတွေရှိပါတယ်" (ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်)တင်ဆက်သူ - July Moe#WordOfHopeLHM #JulyMoe #mindfulness #ForyouConnect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  17. 3

    Ep03_မသေချာမှုတွေကြားက ခိုင်မာသောလက်တစ်စုံ

    "မသေချာမှုတွေကြားက ခိုင်မာသောလက်တစ်စုံ" (ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်အစီအစဉ်)တင်ဆက်သူ - July Moe#wohlhmmyanmar #bible #mindfulness #wordsofGod #JulyMoeConnect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  18. 2

    Ep02_ဝန်ထုတ်ဝန်ပိုးတွေကို ချထားလိုက်ပါ

    "ဝန်ထုတ်ဝန်ပိုးတွေကို ချထားလိုက်ပါ"တင်ဆက်သူ - July Moe ( ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်အစီအစဉ်)မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မ မေးခွန်းလေးတစ်ခုနဲ့ စတင်ချင်ပါတယ်။ "သင် အခုတကယ်ပဲ အနားရရဲ့လား" ဆိုတာပါပဲ။ အိပ်စက်ရုံနဲ့ မလုံလောက်ဘဲ စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုကို ပြိုင်ဆိုင်နေရသလို၊ ရုန်းကန်နေရသလို ခံစားနေရပြီဆိုရင် ဒီစကားလေးက သင့်အတွက်ပါပဲ။ ကျွန်မတို့ဟာ လူသားတွေဖြစ်တဲ့အတွက် အမြဲတမ်း အားတင်းထားဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတလေမှာ အားနည်းခွင့်ရှိတယ်၊ ငိုကြွေးခွင့်ရှိတယ်၊ ပြီးတော့ "ငါ မလုပ်နိုင်တော့ဘူး" လို့ ဝန်ခံခွင့်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ကို ဖန်ဆင်းထားတဲ့ အရှင်က သင်ဘယ်လောက်ထိ တောင့်ခံနိုင်သလဲဆိုတာကို သိနေလို့ပါပဲ။လောကကြီးက သင့်ကို "ပိုကြိုးစားပါ၊ ပိုလုပ်ပါ၊ ပိုအောင်မြင်ပါ" လို့ပဲ တွန်းအားပေးနေချိန်မှာ သခင်ယေရှုကတော့ သင့်ကို ဒီလို ခေါ်ဖိတ်နေပါတယ်။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့ကို ချမ်းသာပေးမည်။” (ရှင်မဿဲ ၁၁:၂၈) ဒီစကားက ရိုးရှင်းပေမဲ့ အရမ်းနက်ရှိုင်းပါတယ်။ ကိုယ်တော်က သင့်ကို ပြဿနာတွေ အကုန်ရှင်းပြီးမှ လာခဲ့လို့ မပြောပါဘူး။ ဝန်လေးပြီး ပင်ပန်းနေတဲ့ အခု "လက်ရှိအခြေအနေ" အတိုင်းပဲ လာခဲ့ဖို့ ဖိတ်ခေါ်နေတာပါ။ သင် မချီပိုးနိုင်တော့တဲ့စိတ်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်တော့်ခြေရင်းမှာ ချထားလိုက်ဖို့ အချိန်တန်ပါပြီ။တကယ့်အနားယူခြင်းဆိုတာ ဘာလဲ? အချက် ၃ ချက်နဲ့ ခွန်အားယူကြည့်ရအောင်။အရာအားလုံးကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့ - ကျွန်မတို့ စိတ်ပူနေရတာဟာ အရာအားလုံးကို ကိုယ့်လက်ထဲမှာပဲ ထိန်းချုပ်ချင်လို့ပါ။ "ငါမတတ်နိုင်တဲ့ အရာတွေကိုဘုရားသခင် တတ်နိုင်တယ်" လို့ ယုံကြည်ပြီး လွှတ်ချလိုက်တဲ့အခါ စစ်မှန်တဲ့ ငြိမ်သက်ခြင်း စတင်ပါတယ်။မိမိကိုယ်ကို ကြင်နာပါ - ဘုရားသခင်က သင့်ကို မေတ္တာနဲ့ ကြည့်သလိုမျိုး သင့်ကိုယ်သင် ပြန်ကြည့်ပါ။ အမှားတစ်ခုလုပ်မိလို့ ဒါမှမဟုတ်နောက်ကျနေလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား "ဒီနေ့အတွက် ငါအကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ" လို့ ပြောပေးပါ။နှုတ်ကပတ်တော်မှာ အားဖြည့်ပါ - စိတ်ပင်ပန်းတဲ့အခါ သီချင်းအေးအေးလေး နားထောင်တာ၊ ကျမ်းစာဖတ်တာ ဒါမှမဟုတ် တိတ်ဆိတ်စွာ ဆုတောင်းတာဟာ သင့်ရဲ့ စိတ်ဝိညာဉ်အတွက် အားဆေးတစ်ခွက်ပါပဲ။ ကိုယ်တော့်ရဲ့ ဂရုစိုက်မှုကို ခံယူဖို့ အချိန်ပေးပါ။သင့်ရဲ့ ပင်ပန်းမှုတွေကို ကိုယ်တော့်ဆီ အပ်နှံရင်း အတူတူ ဆုတောင်းကြရအောင်။"ချစ်တော်မူသော အဖဘုရား... ဒီနေ့မှာ ပင်ပန်းနွမ်းနယ်နေတဲ့ သားသမီးတစ်ဦးစီတိုင်းကို ကိုယ်တော့်ရဲ့ ရင်ခွင်ထဲမှာ နားခိုခွင့်ပေးပါ။ ကျွန်တော်/ကျွန်မတို့ မသယ်ပိုးနိုင်တော့တဲ့ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ပင်ပန်းခြင်း ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်တော့်ခြေရင်းမှာ အပ်နှံပါတယ်။ လောကကြီးက မပေးနိုင်တဲ့ ကောင်းကင်ဘုံက ငြိမ်သက်ခြင်းကို ခံစားရပါစေ။ သခင်ယေရှုနာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်။" သင်ဟာ တစ်ယောက်တည်း ရုန်းကန်နေရတာ မဟုတ်ပါဘူး။ သင့်အနားမှာ ကူညီမယ့်အရှင် အမြဲရှိနေပါတယ်။ စိတ်အေးအေးထားပြီး အနားယူပါလို့ အားပေးလိုက်ပါတယ်။Connect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

  19. 1

    Ep01_သင်ဟာတစ်ယောက်ထဲမဟုတ်ဘူး

    "သင်ဟာတစ်ယောက်ထဲမဟုတ်ဘူး"တင်ဆက်သူ - July Moe (ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော်အစီအစဉ်)ချစ်သောမိတ်ဆွေသင် ဒီအကြောင်းကို နားဆင်နေတဲ့အချိန်မှာ သင် ဘယ်လိုခံစားနေရသလဲဆိုတာ ကျွန်မမသိပေမဲ့၊ သင့်ကိုသိ စေချင်တဲ့အရာတစ်ခုရှိပါတယ်။အဲဒါကတော့ "သင်ဟာ တစ်ယောက်တည်း မဟုတ်ဘူး" ဆိုတာပါပဲ။ဘဝဆိုတာ ရာသီဥတုလိုပါပဲ။ တစ်ခါတလေ နေသာတယ်၊ တစ်ခါတလေ မိုးရွာတယ်၊ တစ်ခါတလေတော့လည်း လေပြင်းတွေ တိုက်ခတ်တတ်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းထန်နေတဲ့အချိန်မှာတောင် တိမ်တွေရဲ့အထက်မှာ နေ မင်းကြီးက အမြဲရှိနေသလိုမျိုး၊ ဘုရားသခင်ရဲ့ မေတ္တာတော်ဟာလည်း သင့်အပေါ်မှာ အမြဲရှိနေပါတယ်။“သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။”၁ ရှင်ပေတရု 5:7 ကိုယ်တော်က သင့်ရဲ့ အသေးစိတ်ကိစ္စလေးတွေအထိ ဂရုစိုက်နေပါတယ်။ခွန်အားယူစရာ အချက်အလက်လေးများ-၁။ ယနေ့အတွက်ပဲ တွေးပါ-မနက်ဖြန်အတွက် စိုးရိမ်ခြင်းက ဒီနေ့ရဲ့ ခွန်အားကိုပဲ ကုန်ခမ်းစေပါတယ်။ ဒီနေ့အတွက် ပေးသနားတဲ့ကျေးဇူးတော်ကိုပဲ အာရုံစိုက်ပါ။၂။ တိတ်ဆိတ်ခြင်းကို ရှာပါ-တစ်နေ့တာရဲ့ ၅ မိနစ်လောက်ကို တိတ်ဆိတ်စွာနေရင်း ဘုရားသခင်နဲ့ စကားပြော ကြည့်ပါ။သင့်စိတ်နှလုံးထဲက ဝန်ထုပ်ဝန်ပိုးတွေ ပေါ့ပါးသွားပါလိမ့်မယ်။၃။ မျှော်လင့်ခြင်းကို ဆုပ်ကိုင်ပါ-အမှောင်ဆုံးအချိန်ဟာ အရုဏ်ဦးမတိုင်မီ အချိန်ပါပဲ။ သင့်ဘဝရဲ့ အကောင်းဆုံးစာမျက်နှာတွေက လာဖို့ စောင့်ကြိုနေဆဲပါ။ဆုတောင်းချက်"အဖဘုရား... ကျွန်တော်/ ကျွန်မတို့ရဲ့ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းကို ပေးပါ။ လောကရဲ့ ဆူညံသံတွေထက် ကိုယ်တော့်ရဲ့ လမ်းပြသံကို ပိုကြားရပါစေ။ မနက်ဖြန်အတွက် မစိုးရိမ်ဘဲ ကိုယ်တော့်ကို ယုံကြည်ခြင်းနဲ့ အိပ်စက်နိုးထနိုင်ဖို့ကူညီပါ။ သခင်ယေရှုနာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်။'ခွန်အားရှိပါ။ သင်ဟာ အဖိုးထိုက်တန်တဲ့သူ တစ်ယောက်ပါ။#ခွန်အားဖြည့်မယ့်နှုတ်ကပတ်တော် #WordOfHopeLHM #Julymoe #Hope4You#MyanmarChristianPodcast #ChristianSermonMyanmar #MyanmarBibleMeditationConnect with us:Facebook: https://www.facebook.com/WOHmyanmar  YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

Find your rest and renewal in "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" 🕊️This podcast is dedicated to bringing you closer to God's heart through His living words. Whether you're seeking guidance or a moment of peace, join us as we explore the scriptures that light up our life's journey. Tune in and let your soul be refreshed.✨ Don't forget to subscribe and share this light with someone who needs strength today!#ChristianMeditation #BibleStudy #SpiritualGrowth #WordOfGod #MyanmarPodcast #HopeForYouth(WOH_LHM)

HOSTED BY

Hope For Youth (WOH-LHM)

CATEGORIES

Frequently Asked Questions

How many episodes does "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" have?

"ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" currently has 19 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" about?

Find your rest and renewal in "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" 🕊️This podcast is dedicated to bringing you closer to God's heart through His living words. Whether you're seeking guidance or a moment of peace, join us as we explore the scriptures that light up our life's journey. Tune in and let...

How often does "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" release new episodes?

"ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" has 19 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"?

You can listen to "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"?

"ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်" is created and hosted by Hope For Youth (WOH-LHM).
URL copied to clipboard!