EP3_Planet Myanmar Channel တည်ထောင်သူ ကိုချမ်းနဲ့ စကားစမြည် episode artwork

EPISODE · Jun 5, 2026 · 35 MIN

EP3_Planet Myanmar Channel တည်ထောင်သူ ကိုချမ်းနဲ့ စကားစမြည်

from The Corner_podcast · host The Corner

ကျွန်တော် ကိုချမ်းနဲ့ သိကျွမ်းရင်းနှီးခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ နောက်ပိုင်းမှာ အလုပ်တာဝန်တွေနဲ့ အခြေအနေအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် လူချင်းမတွေ့ဖြစ်တာ ၇ နှစ်နီးပါးလောက်တောင် ရှိသွားခဲ့ပါပြီ။ကိုချမ်း အင်္ဂလန်ကို ရောက်ပြီး သူ့ဆေးပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်း ဆက်လုပ်နေတာကို သိရတော့ နိုင်ငံရပ်ခြားမှာ ကိုယ်တတ်မြောက်ထားတဲ့ပညာနဲ့ အသက်မွေး၀မ်းကျောင်း အလုပ်ဆက်လုပ်နိုင်ခြင်းဟာ နည်းသည့် ကုသိုလ်ကံ မဟုတ်လို့ သူ့ကို မုဒိတာ ပွားမိတယ်။ကိုချမ်းကိုကြည့်ရင် တည်တည်ငြိမ်ငြိမ်နှင့် မျက်နှာသွင်ပြင်က ရှင်းလင်း နေတတ်တာကို သတိပြုမိတယ်။ သို့သော်လည်း သူဟာ အမှတ်တမဲ့နေတတ်သူ တစ်ယောက်မဟုတ်။ မြန်မာနိုင်ငံမှာ သူရှိစဥ်ကတည်းက လူပင် ငယ်သော်လည်း စာပေ အသိုင်းအဝိုင်းတွင် လူချစ်လူခင်များသူ၊ လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ စာပေ၊ ရုပ်ရှင်နှင့်ဂီတ ကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်လို့ အကြောင်းအရာ တော်တော်များများကို သူပါဝင် ဆွေးနွေးနိုင်တာကြောင့်လည်း ဖြစ်မည်။ လူငယ်ပေမယ့်လည်း လူကြီးဆန်ဆန် တွေးခေါ်နိုင်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ဖြစ်မည်။သေချာတာတစ်ခုကတော့ စာပေမျိုးဆက်ကနေ ပေါက်ဖွားလာသူတစ်ယောက်မို့ အလိုအလျောက် စာပေတာဝန်ကို ယူရင်း ဆရာဝန်အလုပ်ကိုလည်း အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်လို့မြင်မိပါတယ်။အခု ပေါ့ကတ်စ် အစီအစဥ်က သူနဲ့ကျွန်တော် စကားအကြာဆုံး ပြောဖြစ်ကြခြင်းဖြစ်ပါတယ်။ ကြာရုံသာမက အကြောင်းအရာတော်တော်များများကိုလည်း ပြောဖြစ်ခဲ့ကြတာဖြစ်လို့ မှတ်မှတ်ရရ တွေ့ဆုံမှု တစ်ခုလို့လဲ ပြောမယ်ဆိုရနိုင်ပါတယ်။ကိုချမ်းနဲ့ စကားပြောထားတာတွေကို နားထောင်ကြည့်ပါ။ကိုတင် (The Corner)

Episode metadata supplied by the publisher feed · Published Jun 5, 2026

Embed this episode

NOW PLAYING

EP3_Planet Myanmar Channel တည်ထောင်သူ ကိုချမ်းနဲ့ စကားစမြည်

0:00 35:55

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of The Corner_podcast?

This episode is 35 minutes long.

When was this The Corner_podcast episode published?

This episode was published on June 5, 2026.

Can I download this The Corner_podcast episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!