EPISODE · Dec 29, 2025 · 3 MIN
Even though you have disposable income, your relationship with money can be bad.
from ဒီနေ့အတွက်စကား · host Padamyar FM
လက်ထဲမှာ ငွေရှိနေတိုင်း ငွေကြေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ မဆိုနိုင်ပါဘူး။ ငွေကြေးနဲ့ ဆက်ဆံရေးမကောင်းဘူး ဆိုတာကတနည်းနည်းနဲ့ ငွေရေးကြေးရေး မပြေလည်တာကို ဆိုလိုပါတယ်။ သုံးနိုင်ဖြုန်းနိုင်တဲ့ဝင်ငွေရှိနေပေမယ့်လည်း ငွေကြေးနဲ့ ဆက်ဆံရေးက ဆိုးရွားနေနိုင်ပါတယ်။ လူအများစုက ငွေကြေးနဲ့ပတ်သက်ပြီး ရှားပါးပြတ်လပ်တဲ့ ဆက်ဆံရေးမျိုးပဲရှိကြပါတယ်။ ဘယ်တော့မှ လုံ လောက်တယ် ဆိုတာ မရှိပါဘူး။ ဒီလိုပူပင်နေရတာကိုသတိထားမိမယ်ဆိုရင် ငွေကြေးရှားပါးမှုကို ကျော်လွန်ပြီး ကောင်းမွန်ကြွယ်ဝတဲ့ ဆက်ဆံရေးကိုတည်ဆောက်နိုင်ဖို့ အခွင့်အလမ်းပိုများလာနိုင်ပါတယ်။ ငွေသုံးလိုက်တိုင်းမှာအပြစ်ရှိသလို ခံစားနေရတာက ငွေကြေးနဲ့ ဆက်ဆံ ရေးမကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ဝယ်ယူလိုက်တဲ့ အရာတစ်ခုခုနဲ့ပတ်သက်ပြီး ငွေသုံးလိုက်ရတဲ့အပေါ် မှာ အပြစ်ရှိသလို ခံစားနေရတာ၊ဒီအကြောင်း ပြောလို့မပြီးနိုင်တာတွေ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေပါ။
Embed this episode
NOW PLAYING
Even though you have disposable income, your relationship with money can be bad.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.