EPISODE · Jun 29, 2026 · 3 MIN
Free yourself from the feelings that tire you and give yourself freedom.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကအင်အားကြီးပါတယ်။ ကောင်းမွန်တဲ့ခံစားချက်က စိတ်ငြိမ်းချမ်းမှုတွေပေးနိုင်ပြီးမကောင်းတဲ့ ခံစားချက်တွေက တော့ စိတ်ဒဏ်ရာအမျိုးမျိုးပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်အနှောင့်ယှက် တွေ၊ စိတ်ရှုပ်စရာ တွေက နေ့စဉ်လိုလိုကြုံရတတ်ပါတယ်။ ဥပမာ -တစ်ခါတလေမှာ မနက်မိုးလင်းက တည်းက စိတ်မကြည်တဲ့ အခါ တစ်နေ့လုံး အဆင်မပြေတာ၊ကိစ္စတစ်ခုအပေါ်ဖြစ်တဲ့ ဒေါသစိတ်ကနောက်ကိစ္စတွေမှာပါ ဆက်သွားတဲ့အခါ စိတ်ပင်ပန်း ရတာမျိုးခံစားဖူးမှာပါ။ဒီခံစားချက်လေးတွေက ဘာမှမဟုတ်ပါဘူးလို့ထင်ရပေမယ့် ကျွန်တော်တို့ပျော်ရွှင်မှုကိုတစ်နည်းနည်း နဲ့ အနှောင့်ယှက်ဖြစ်စေ သလို အခြားသူကိုလည်းထိခိုက်စေတာမျိုးဖြစ်တတ်ပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်တွေကို(letting go) စိတ်အနှောင့်ယှက်မဖြစ်ဘဲ လွတ်လပ်စေဖို့အတွက် အလေ့ကျင့်လေးကို ပြောပြပေးချင်ပါတယ်။ ရည်ရွယ်ချက် ကျွန်တော်တို့တစ်ခုခုလုပ်တော့မယ်ဆိုရင်ရည်ရွယ်ချက်ကတော့ရှိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်က ဘာလို့ဒီအကျင့်လေးရှိချင်လဲတွေးကြည့်ပါ။ (ပျော်ချင်လို့လား၊ ကိုယ့်နားကသူတွေကိုကောင်းကောင်းဆက်ဆံချင် လို့ လား၊ ဒါမှ မဟုတ် စိတ်ကြည်ချင်လို့လား)။ ဖြည်းဖြည်းချင်းစပါ။ဒီနေ့ကစပြီး ဖြစ်ကိုဖြစ်ရမယ်ဆိုတာထက် ဒီနေ့မှာတော့ ဘယ်လို စိတ် ခံစားချက်ကိုသတိထားမယ်၊ ပြင်ဆင်မယ် လို့အရင်တွေးကြည့်ပါ။ (ဥပမာ - ဒီနေ့မှာမကောင်းတဲ့ခံစားချက်တစ်ခု ကို သတိထားမိ အောင်ကြိုးစားမယ်ဆိုတာမျိုးပေါ့)
Embed this episode
NOW PLAYING
Free yourself from the feelings that tire you and give yourself freedom.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.