EPISODE · Nov 16, 2024 · 2 MIN
ဂျိတ်ခ်ပေါလ်ကို ယှဉ်မထိုးနိုင်ခဲ့တဲ့ မိုက်တိုင်ဆန် အမှတ်နဲ့ အရှုံးပေးလိုက်ရပြီ
from Dawei Watch Podcast · host Dawei Watch
အားပေးသူတွေ စိတ်ဝင်တစားရှိခဲ့တဲ့ ဂျိတ်ခ်ပေါလ်နဲ့ မိုက်တိုင်ဆန်တို့ရဲ့ ပွဲစဉ်က မျှော်မှန်းထားသလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ မိုက်တိုင်ဆန်ဟာ အသက် ၅၈ နှစ်အရွယ်နဲ့ ထိုးရတာဖြစ်လို့ ပွဲချီတစ်ချီပြီးလို့ နောက်တစ်ချီဆီရောက်တာနဲ့ အကျဘက်ဆီကို ရောက်သွားခဲ့တာမြင်ခဲ့ရပါတယ်။ YouTuber ဂျိတ်ခ်ပေါလ်ကလည်း ငယ်ဂုဏ်မာဂုဏ်ပဲ ရှိတာပါ။ ဝါနဲ့ သမ္ဘာမှာတော့ မိုက်တိုင်ဆန်ကို ယှဉ်မရခဲ့ပါဘူး။ ဒါကြောင့်လည်း အလဲမထိုးနိုင်ခဲ့ဘဲ အမှတ်ဆုံးဖြတ်ချက်နဲ့သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် မျက်နှာကို မကာဘဲ ဖွင့်ထိုးခဲ့တဲ့ ဂျိတ်ခ်ပေါလ်ရဲ့လုပ်ရပ်ဟာ မိုက်တိုင်ဆန် ငယ်တုန်းရွယ်တုန်းကဆိုရင် မိုက်တိုင်ဆန်ရဲ့လျင်မြန်လှတဲ့လက်သီးချက်တွေကြောင့် ဖူးယောင်သွားမှာပါ။ အခုတော့ ဇရာအိုအရွယ်ရောက်နေပြီဖြစ်တဲ့ မိုက်တိုက်ဆန်ရဲ့လက်သီးမြန်နှုန်းနဲ့ လက်သီးပြင်းအားက အများကြီး လျော့ကျသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျိတ်ခ်ပေါလ်က ခုသာခံသာဖြစ်သွားခဲ့တာပါ။
Embed this episode
Ready to play
ဂျိတ်ခ်ပေါလ်ကို ယှဉ်မထိုးနိုင်ခဲ့တဲ့ မိုက်တိုင်ဆန် အမှတ်နဲ့ အရှုံးပေးလိုက်ရပြီ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.