EPISODE · Aug 7, 2026 · 3 MIN
God gave us the gift of life; it is up to us to give ourselves the gift of living well.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘုရားကတော့ ကျွန်တော်တို့ကို ဘဝဆိုတဲ့လက်ဆောင်ကိုပေးအပ်ခဲ့ပါတယ်။ကျန်းမာခြင်းလက်ဆောင်အဖြစ် ကိုယ့်ဘာသာ ပေးဖို့က ကျွန်တော်တို့ကိုယ်တိုင်ရဲ့တာဝန်ပါတဲ့။ဒီစကားကိုပြောကြားခဲ့တဲ့မဟာလူသားကတော့ ၁၇ရာစုက နာမည်ကျော် စာရေး ဆရာတစ်ဦး ပြင်သစ်လူမျိုး Voltaire ပဲဖြစ်ပါတယ်။ဒီစကားကတော့ အားလုံးအတွက် အရေးပါတဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောကြားထားတဲ့စကားတစ်ခွန်းပါ။လူသားတိုင်းမိခင်ဖခင်ကမွေးဖွားသန့်စင်ပေးလိုက်တဲ့အချိန်ကနေစလို့ ဘဝဆိုတဲ့အရာကို စတင်ရှင်သန်ရပါတယ်။ပြောရရင် ယုံကြည်မှု တွေ ကွဲပြားနေစေဦးတော့ ကိုယ်ပြုသမျှအရာတွေအကုန်လုံးက ကိုယ့်ဆီကို ပြန်လည်ရောက်ရှိလာနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ ယုံကြည်မှုတိုင်းမှာတစ်သမတ်တည်းသတ်မှတ်ယုံကြည်ထားကြပါတယ်။ကိုယ့်ဘဝကောင်းမွန်အောင်လည်း ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာပဲမူတည်သလိုကိုယ့်ကိုကိုယ်ထိခိုက်နစ်နာစေအောင်လည်းကိုယ်တိုင်ရဲ့အပြုအမူတွေပေါ်မှာပဲမူတည်နေတာပါ။ အာရောဂျံလို့ခေါ်တဲ့ ကျန်းမာရေးဆိုတာတကယ့်ကိုမှလာဘ်လာဘတစ်ပါးလည်းဖြစ်ပါတယ်။ ကိုယ့်ဘ၀ တစ်သက်တာမှာ ကျန်းမာရေးကောင်းနေသရွေ့ လုပ်ဆောင်ကြံစည်သမျှတွေကိုလွယ်လင့်တကူလုပ်ဆောင်နိုင်မှာပါ။ဒါကြောင့် အရာအားလုံးမှာ ကျန်းမာရေးကဦးဆောင်နေတယ်လို့ဆိုရမှာပါ။ ဒါကြောင့် ကိုယ့်တစ်သက်တာကျန်းမာရေးအတွက် ကိုကိုယ်တိုင်ကကောင်းမွန်တဲ့ အလေ့အထတွေနဲ့ ကိုယ့်ကိုကိုယ်စောင့်ရှောက်တတ်ဖို့လိုပါတယ်။အထူးသဖြင့် စိတ်ရဲ့ အလို ဆန္ဒပြင်းပြတဲ့အတိုင်းလိုက်ပြီး ပြုမူနေထိုင်စားသောက်ခြင်းကကိုယ့်ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အဓိကအချက်ပါပဲ။ ဒါကြောင့် ကျန်းမာချင်တဲ့သူတိုင်း စိတ်အလိုလိုက်ပြီးစားချင်ရာကိုစားတာ၊သွားချင်ရာကိုသွားတာမျိုးမလုပ်သင့်ပါဘူး။
Embed this episode
Ready to play
God gave us the gift of life; it is up to us to give ourselves the gift of living well.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.