EPISODE · Dec 22, 2025 · 3 MIN
Happiess Comes From Within.
from ဒီနေ့အတွက်စကား · host Padamyar FM
သူတစ်ပါးပျော်နေတာကိုမြင်ပြီး စိတ်ဆင်းရဲဖူးလား? အဓိကဘာကြောင့်လဲဆိုရင် ဘာသာရေးအသိအမြင်ရော psychology အသိ အမြင်ရော အားနည်းလို့ဖြစ်ရတာပါ ဘာသာရေးအမြင်အရဆိုရင်တော့မုဒိတာမထားနိုင်တာပေါ့ သူများသုခကို ကိုယ့်သုခလို့ မသတ် မှတ်နိုင်တဲ့အခြေအနေမျိုးပေါ့ ကိုယ့်ရဲ့ innerမှာcompassion အားနည်းနေတာမျိုးလို့ဆိုရပါမယ်။Psychologyရှုထောင့်ကဆိုရင်လည်း Inferiority complexရှိတယ်လို့သတ်မှတ်လို့ရတယ်။ မြန်မာမှုပြုရင် အငုံ့စိတ်လို့ဆိုရပါမယ်။သူများပျော်နေတာများမြင်ရင် ကိုယ့်အငုံ့စိတ်က ပိုကြီးထွားလာပြီးပူလောင်နေရတာမျိုးပေါ့ သူတစ်ပါးကိုရော ကိုယ့်ကိုယ်ကိုယ် ရောပျော်ရွှင်မှုအသေးအမွှားလေးတွေ မဖန်တီးပေးတတ်တာကြောင့်လည်းဆိုင်ပါတယ်။ကိုယ်ကိုယ်တိုင်လည်း မပျော်ရသလို သူများကိုလည်း ပျော်ခွင့်မပေးချင်ဘူး သူများကို ပျော်ရွှင်မှု အသေးအမွှားလေးတွေ ဖန်တီးပေးရတာကို အရမ်းခက်တယ်လို့ ထင်ကြတယ်။ တကယ်တမ်းက အဲလိုမဟုတ်ပါဘူး။
Embed this episode
NOW PLAYING
Happiess Comes From Within.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.