EPISODE · Sep 4, 2025 · 3 MIN
Have Great Faith, You Will Get Great Results.
from ဒီနေ့အတွက်စကား · host Padamyar FM
လူတချို့က အောင်မြင်မှုအကြောင်း စဉ်းစားနေချိန်မှာ တချို့ကတော့ စဉ်းစားနေရုံတင်မဟုတ်ပဲ အောင်မြင်မှုအတွက် စိတ်ကူးယဉ်၊ ယုံကြည်မှုရှိရှိနဲ့ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်နေကြပါတယ်။ အောင်မြင်မှု ရရှိသူတွေနဲ့ မအောင်မြင်သူတွေရဲ့ ကြားက အဓိကကွဲပြားခြားနားမှုက စိတ်နေသဘောထားပါပဲ။ အောင်မြင်သူတွေက ဘဝအပေါ်မှာ အကောင်းမြင်တတ်တဲ့ စိတ်နေ သဘောထားရှိကြပြီး အပြုသဘောဆောင်တဲ့အလေ့အကျင့်တွေနဲ့ အရာအားလုံးကို စီမံဆောင်ရွက်တတ်ကြပါတယ်။ ထူးထူးခြားခြားအောင်မြင်မှုကို ရူးသွပ်ဆာလောင်ကြသူတွေက ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင် လုပ်ဆောင်ခဲ့ကြ သူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြသလို၊ သူတို့ရဲ့ အရည်အချင်းနဲ့ ကြီးကြီးမားမား စဉ်းစားတွေးခေါ်နိုင်စွမ်းတွေနဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ဖန်တီးနိုင်ကြသူတွေပါ။ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကြီးမားတဲ့အကျိုး ရလဒ်တွေကို ရယူနိုင်စွမ်းရှိကြပါတယ်။
Embed this episode
NOW PLAYING
Have Great Faith, You Will Get Great Results.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.