EPISODE · Jan 23, 2026 · 3 MIN
Have you noticed that the meaning of survival becomes worthless while living?
from ဒီနေ့အတွက်စကား · host Padamyar FM
နေ့ရက်တိုင်းဟာ ကျွန်တော်တို့အတွက် လန်းဆန်းတက်ကြွပြီးတော့ တစ်နေကုန်အားအင်တွေ အပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် နေ့ရက် တွေမဟုတ်ပါဘူး။တစ်ချို့ရက်တွေမှာ လေးလံထိုင်းမှိုင်းနေမယ်။ တစ်ချို့ရက်တွေမှာလုပ်ချင်ကိုင်ချင်စိတ်တွေ ပျောက်စေမယ်။ တစ်ချို့ရက်တွေမှာ ဘယ်သူနဲ့မှအဆက်အဆံမလုပ်ချင်ပဲ တစ်ယောက်တည်းပဲ မှိုင်ချင် မှိုင်နေမယ်။ အစရှိတဲ့နေ့ရက်တွေလည်း ရှိနိုင်ပါတယ်။ တစ်နေ့တာ မျက်စိမှိတ် အိပ်စက်လိုက်ရတယ်။ နောက်နေ့ ပြန်နိုးထလာတယ်။ အလုပ်တွေတအားကြိုးစားတယ်။ ငွေတွေ တအား ရှာဖွေတယ်။ ဒီလို pattern အတိုင်းဖြတ်သန်းနေရင်း အချိန်တွေ ကုန်လာပြီး အသက်တွေကြီးလာတယ်။ကိုယ့်ကိုယ်ကို အချိန်မပေး မိတဲ့အတွက်ကိုယ့်ရဲ့အလုပ်ပြင်ပက ဝါသနာတွေကို ပစ်ပယ်မိတယ်။ ကိုယ့်ကျန်းမာရေးကိုလျစ်လျူရှုမိတယ်။ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေ တန်ဖိုးမဲ့သွားပါတယ်။
Embed this episode
NOW PLAYING
Have you noticed that the meaning of survival becomes worthless while living?
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.