EPISODE · Mar 23, 2026 · 3 MIN
Hope is the belief in living life. It can be said that it is a small support that gives energy.
from ဒီနေ့အတွက်စကား · host Padamyar FM
မျှော်လင့်ချက်ဆိုတဲ့ စကားလုံးအပေါ်အဓိပ္ပာယ်ဖွင့်ရရင် အကောင်းဆုံးတွေဖြစ်လာနိုင်မယ့်အချိန်တစ်ခု (ဒါမှ မဟုတ်) ကိုယ် ဖြစ်ချင်တဲ့ဆန္ဒတစ်ခုဖြစ်မြောက်ဖို့ကို ကိုယ်တိုင်အလုပ်မလုပ်ပဲ မျှော်လင့်စောင့်ဆိုင်းနေခြင်းမျိုးလို့ မဆိုလိုချင်ပါဘူး။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် မျှော်လင့်ချက်ကိုဆွဲကိုင်ရင်း ကိုယ်တိုင်ကြိုးစားစွမ်းဆောင် နေခြင်းလို့ ခံယူ ထားပါတယ်။ မျှော်လင့်ချက်ဟာ ဘဝရဲ့ရှင်သန်နေထိုင်မှုအတွက်ယုံကြည်မှုတွေ ၊ အားအင်တွေပေးနေတဲ့ အထောက်အပံ့လေးတစ်ခုလို့ ပြောလို့ ရပါတယ်။လူသားတိုင်းမှာ အဆင်ပြေနေတဲ့အချိန်ရယ်လို့တော့ အမြဲမရှိနိုင်ဘူး။ ခက်ခဲတဲ့အချိန်တွေ၊တကယ်ကို အားကိုးရာမဲ့ သလို ခံစားရတဲ့အချိန်တွေရှိနိုင်တယ်။ခက်ခဲတဲ့အချိန်တွေရင်ဆိုင်နေရတဲ့အချိန် မျှော်လင့်ချက်ဆိုတဲ့အရာလေးပါ ထပ်ပျောက်ဆုံးသွားမယ်ဆိုရင် ကျွန်တော်တို့အတွက် လမ်းပျောက်ပြီမဟုတ်ပါလား။
Embed this episode
NOW PLAYING
Hope is the belief in living life. It can be said that it is a small support that gives energy.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.